မန္တလေးတိုင်းဒေသကြီး

မြစ်သားမြို့နယ်အတွင်းရှိ ၂၀၂၄-၂၀၂၅ ခုနှစ် ၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုမည့်စာစစ်ဌာနများအား မီးဘေးလုံခြုံရေးစစ်ဆေး

မန္တလေးတိုင်းဒေသကြီး၊  ကျောက်ဆည်ခရိုင်၊  မြစ်သားမြို့နယ်အတွင်းရှိ ၂၀၂၄-၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုသွားမည်ဖြစ်ရာ စာစစ်ဌာနများအား မီးဘေးလုံခြုံရေးအတွက် ယမန်နေ့မွန်းလွဲ(၁)နာရီအချိန်က မြို့နယ်မီးသတ်ဦးစီးဌာနနှင့်တာဝန်ရှိသူများ ပူးပေါင်းကာ မီးဘေးလုံခြုံရေးစစ်ဆေးကြပ်မတ်မှုများ ဆောင်ရွက်ခဲ့သည်။

ပျော်ဘွယ်မြို့နယ်တွင် ဖျောက်ဆိပ်ပင်ရေလှောင်တမံ တည်ဆောက်ခြင်းလုပ်ငန်းအတွက် ကနဦးပတ်ဝန်းကျင်ဆန်းစစ်ခြင်းလုပ်ငန်းနှင့်ပတ်သက်၍ အများပြည်သူများအား တိုင်ပင်ဆွေးနွေးခြင်းအခမ်းအနား ကျင်းပ

ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ မိတ္ထီလာမြို့နယ်မှ ပျော်ဘွယ်မြို့နယ်၊ တွင်းရွာကျေးရွာအုပ်စု၊ တောင်ဂွကျေးရွာအနီးတွင် တည်ဆောက်မည့် ဖျောက်ဆိပ်ပင်ရေလှောင်တမံ တည်ဆောက်ခြင်းလုပ်ငန်းအတွက် ကနဦးပတ်ဝန်းကျင်ဆန်းစစ်ခြင်းလုပ်ငန်းနှင့်ပတ်သက်၍ အများပြည်သူများအား တိုင်ပင်ဆွေးနွေးခြင်းကို ဖေဖော်ဝါရီလ (၂၇) ရက် နံနက် (၁၀) နာရီက တွင်းရွာကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် ကျင်းပသည်။

ညောင်ဦးမြို့နယ်၌ ခရမ်းချဉ်သီးစျေးနှုန်း ကျဆင်းပြီး တောင်သူများ အရှုံးပေါ်

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ်၌ ခရမ်းချဉ်သီးလှိုင်လှိုင်ပေါ်ချိန် ဈေးကောင်း မရရှိခြင်းကြောင့် ခရမ်းချဉ်စိုက်ပျိုးတောင်သူများ ခရမ်းချဉ်သီးဆွတ်ခူးရောင်းချချိန် တောင်သူများတွက်ခြေမကိုက်ဖြစ်ကာ အရှုံးနှင့်ရင်ဆိုင်နေရကြောင်း သစ်ထောင့်ကျေးရွာ ခရမ်းချဉ်စိုက်တောင်သူ ဦးအေးကိုထံက သိရသည်။

ကျောက်ဆည်မြို့၌ Grade-5၊ Grade-9 နှင့် တက္ကသိုလ်ဝင် စာမေးပွဲလုပ်ငန်းဆိုင်ရာ ဆွေးနွေးပွဲပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့ အမှတ်(၃)အခြေခံပညာအထက်တန်းကျောင်း အနော်ရထာခန်းမတွင် ယမန်နေ့နံနက် ၉ နာရီက ၂၀၂၅ ခုနှစ်၊ အခြေခံပညာ မူလတန်းအဆင့် Grade-5၊ အခြေခံပညာအလယ်တန်းအဆင့် Grade-9 နှင့် တက္ကသိုလ်ဝင်စာမေးပွဲလုပ်ငန်းဆိုင်ရာ ဆွေးနွေးပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။

ကျောက်ပန်တောင်းမြို့နယ် ကျေးလက်တောင်သူများ ဖရဲများစတင်စိုက်ပျိုးနေပြီဖြစ်

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ကျောက်ပန်းတောင်းမြို့နယ် ကျေးလက်တောင်သူများ နှစ်တစ်တစ် ခေါ် ဂျပန်ဖရဲများ စတင်စိုက်ပျိုးနေကြပြီဖြစ်ကြောင်း ကန်ပတ်လည်ကျေးရွာအုပ်စု၊ မုန့်ကုန်းကျေးရွာ ဦးမင်းညိုထံက သိရသည်။

ညောင်ဦးမြို့နယ် ဝေမျှခြင်းပရဟိတမိသားစု သောက်သုံးရေလှူဒါန်း

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် သောက်သုံးရေလိုအပ်လျှက်ရှိသော ထီးပုကျေးရွာအုပ်စု၊ ကောင်းညိုကျေးရွာသို့ ဖေဖော်ဝါရီ ၂၈ ရက်၊ နံနက် ၈ နာရီအချိန်က သောက်သုံးရေ ၁၆၀၀ ဂါလံ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

မြစ်သားမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ်တက္ကသိုလ်ဝင်တန်းစာမေးပွဲဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် (၁၀)နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးခန်းမတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

စဉ့်ကိုင်မြို့နယ်အတွင်း ယာယီနေရပ်စွန့်ခွာသူများအား ထောက်ပံ့ငွေများ ချီးမြှင့်ပေးအပ်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်အတွင်း အခြားတိုင်း‌ဒေသကြီး/ ပြည်နယ်များမှ ယာယီနေရပ်စွန့်ခွာနေထိုင်သူများအတွက် ထောက်ပံ့ငွေများ ချီးမြှင့်ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

သာစည်မြို့နယ်၌ ရေဘေးကြောင့် ပျက်စီးသွားသော လျှပ်စစ်မီးတိုင်များ ပြုပြင်ပြီးစီး

မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၌ ၂၀၂၄ ခုနှစ် စက်တင်ဘာလက မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ကျရေဝင်ရောက်မှုကြောင့် ပျက်စီးခဲ့သော လျှပ်စစ်မီးတိုင်များ ပြန်လည်ပြုပြင် ပြီးစီးသွားပြီဖြစ်ရာ လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရေး အလေးထားစစ်ဆေးဆောင်ရွက်ပြီးပါက ရေဝင်ရောက်ခဲ့သော ပြည်ညောင်ကျေးရွာအား လျှပ်စစ်ဓာတ်အား ပြန်လည်ဖြန့်ဖြူးပေးသွားတော့မည်ဖြစ်ကြောင်း မြို့နယ်လျှပ်စစ်မန်နေဂျာထံက သိရသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး