သာစည် ဖေဖော်ဝါရီ ၂၇
မန္တလေးတိုင်းဒေသကြီး၊ သာစည်မြို့နယ်၌ ၂၀၂၄ ခုနှစ် စက်တင်ဘာလက မိုးသည်းထန်စွာ ရွာသွန်းပြီး တောင်ကျရေဝင်ရောက်မှုကြောင့် ပျက်စီးခဲ့သော လျှပ်စစ်မီးတိုင်များ ပြန်လည်ပြုပြင် ပြီးစီးသွားပြီဖြစ်ရာ လျှပ်စစ်အန္တရာယ်ကင်းရှင်းစေရေး အလေးထားစစ်ဆေးဆောင်ရွက်ပြီးပါက ရေဝင်ရောက်ခဲ့သော ပြည်ညောင်ကျေးရွာအား လျှပ်စစ်ဓာတ်အား ပြန်လည်ဖြန့်ဖြူးပေးသွားတော့မည်ဖြစ်ကြောင်း မြို့နယ်လျှပ်စစ်မန်နေဂျာထံက သိရသည်။
တောင်ကျရေဝင်ရောက်မှုကြောင့် ၁၃၂/၃၃/၁၁ကေဗွီ၊၆၀အမ်ဗွီအေ ရေပေါင်းဆုံခွဲရုံ(၃၃)ကေဗွီ၊ ယင်းမာပင်ဖီဒါမှ(၁၂)မီတာ ကွန်ကရစ်တိုင်(၃၀)ရေတိုက်စား၍ ပျက်စီးသွားပြီ လျှပ်စစ်ဓာတ်အား ပြတ်တောက်လျက်ရှိရာ မြို့နယ်လျှပ်စစ်မန်နေဂျာရုံးမှ မြို့နယ်လျှပ်စစ်မန်နေဂျာ၊ ဒုတိယမြို့နယ်လျှပ်စစ်မန်နေဂျာတို့ဦးဆောင်၍ လျှပ်စစ်ကျွမ်းကျင် ဝန်ထမ်းများကအချိန်နှင့်တစ်ပြေးညီ ပြုပြင်ခြင်းများ ဆောင်ရွက်ခဲ့ရာ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ တတိယပတ်က ပြန်လည်ပြုပြင်ပြီးစီးခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)