စဉ့်ကိုင် ဖေဖော်ဝါရီ ၂၇
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်အတွင်း အခြားတိုင်းဒေသကြီး/ ပြည်နယ်များမှ ယာယီနေရပ်စွန့်ခွာနေထိုင်သူများအတွက် ထောက်ပံ့ငွေများ ချီးမြှင့်ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဗိုလ်အောင်မောင်မောင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီးနောက် အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ရန်ပုံငွေမှ ယာယီနေရပ်စွန့်ခွာနေထိုင်သူ(၉၁၈)ဦးအတွက် ထောက်ပံ့ငွေကျပ် (၁၈၃၆ဝဝဝဝိ/-) ကျပ်ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက မြို့နယ်ထောက်ပံ့ရေးအဖွဲ့ အဖွဲ့ခေါင်းဆောင် ဦးရွှေခိုင်ထံသို့ ပေးအပ်ခဲ့သည်။
ဆက်လက်၍ မြို့နယ်ထောက်ပံ့ရေးအဖွဲ့က ရပ်ကွက်/ကျေးရွာအုပ်စု၊ တက္ကသိုလ်နှင့် ဌာနဆိုင်ရာ အသီးသီးမှ ယာယီနေရပ်စွန့်ခွာနေထိုင်သူ (၉၁၈) ဦးတို့အား လူတစ်ဦးလျှင် (၂၀၀၀ဝိ/-)ကျပ်နှုန်းဖြင့် စုစုပေါင်း ငွေကျပ် (၁၈၃၆၀၀၀ဝိ/-)ကျပ်အား ချီးမြှင့်ပေးအပ်ခဲ့ကြောင်း သိရသည်။
ယာယီနေရပ်စွန့်ခွာနေထိုင်သူများအတွက် ထောက်ပံ့ငွေ ချီးမြှင့်ပေးအပ်ပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဗိုလ်အောင်မောင်မောင်၊ အဖွဲ့ဝင် (၁) ဗိုလ်မှူးပြည့်ဖြိုးအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများ၊ ယာယီနေရပ်စွန့်ခွာနေထိုင်သူများ စုစုပေါင်းအင်အား (၂၇၉)ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။
ကျော်စွာ (စဉ့်ကိုင်) (၃၉၉)