မြစ်သားမြို့နယ် သံချပ်ကာယန္တရားကျောင်းတွင် မီးဘေးလုံခြုံရေး အသိပညာပေးဟောပြောခြင်းနှင့် မီးငြှိမ်းသတ်ရေးလက်တွေ့သရုပ်ပြလေ့ကျင့်

မြစ်သား ဖေဖော်ဝါရီ ၂၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် သံချပ်ကာယန္တရားကျောင်းတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးဘေးအန္တရာယ်လျော့နည်းစေရေး၊ မီးသတ်ဆေးဘူးများ အသုံးပြုတတ်စေရန်နှင့် မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်နိုင်စေရန် ရည်ရွယ်၍ မီးဘေးလုံခြုံရေးအသိပညာပေးဟောပြောခြင်းနှင့် မီးငြှိမ်းသတ်ရေး လက်တွေ့သရုပ်ပြလေ့ကျင့်ခြင်းကို ယမန်နေ့နံနက်ပိုင်းက ပြသဆောင်ရွက်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်မင်းကျော်က မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့်ဆောင်ရန်၊ ရှောင်ရန်များ မီးလောင်မှုဖြစ်ပွားပါက ဆောင်ရွက်သင့်သည့်လုပ်ငန်းစဉ်များအား ဟောပြောခဲ့ပြီး မီးသတ်ဆေးဘူးများဖြင့် လက်တွေ့မီးငြှိမ်းသတ်ခြင်းတို့ကို မီးသတ်တပ်ဖွဲ့ဝင်များ၊ သံချပ်ကာယန္တရားကျောင်းမှ တပ်ဖွဲ့ဝင်များက သရုပ်ပြလေ့ကျင့်ခြင်းများ ပြုလုပ်ခဲ့သည်။

အဆိုပါအခမ်းအနားသို့ သံချပ်ကာယန္တရားကျောင်းမှ ဗိုလ်မှူးနိုင်မျိုးဆွေနှင့် တပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်မီးသတ်ဦးစီးမှူး ဦးအောင်မင်းကျော်နှင့် တပ်ဖွဲ့ဝင်များ စုစုပေါင်းအင်အား (၉၃) ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။

ဝင်းမင်းထွန်း(ပြန်/ဆက်)