ညောင်ဦး ဖေဖော်ဝါရီ ၂၈
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် သောက်သုံးရေလိုအပ်လျှက်ရှိသော ထီးပုကျေးရွာအုပ်စု၊ ကောင်းညိုကျေးရွာသို့ ဖေဖော်ဝါရီ ၂၈ ရက်၊ နံနက် ၈ နာရီအချိန်က သောက်သုံးရေ ၁၆၀၀ ဂါလံ သွားရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။
ညောင်ဦးမြို့နယ်အတွင်း သောက်သုံးရေလိုအပ်လျှက်ရှိသော ကျေးရွာများ/ တဲတိုက်များသို့ ရန်ကုန်မြို့ ဝေမျှခြင်းပရဟိတမိသားစုမှ သောက်သုံးရေ လှူဒါန်းပေးလျှက်ရှိရာ ကောင်းညိုကျေးရွာသို့ သောက်သုံးရေဂါလံ ၁၆၀၀ လှူဒါန်းပေးခဲ့ကြောင်း အေးမေတ္တာသောက်ရေ အလှူတော်အသင်း ဦးဝင်းမင်းထွန်းက ပြောကြား၍ သိရသည်။ ရန်ကုန်မြို့ ဝေမျှခြင်းပရဟိတမိသားစုမှ ညောင်ဦးမြို့နယ်အတွင်းရှိ အခြေခံ ပညာကျောင်းများ၊ ကျေးရွာများ၊ တဲတိုက်များက သောက်သုံးရေလိုအပ်သည့်အချိန်တိုင်း ကျေးရွာများအရောက် သွားရောက်လှူဒါန်းပေးလျက်ရှိကြောင်း သိရသည်။
ဒီပါလင်း