မြစ်သားမြို့နယ်အတွင်းရှိ ၂၀၂၄-၂၀၂၅ ခုနှစ် ၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲ ဖြေဆိုမည့်စာစစ်ဌာနများအား မီးဘေးလုံခြုံရေးစစ်ဆေး

မြစ်သား ဖေဖော်ဝါရီ ၂၈

မန္တလေးတိုင်းဒေသကြီး၊  ကျောက်ဆည်ခရိုင်၊  မြစ်သားမြို့နယ်အတွင်းရှိ ၂၀၂၄-၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆိုသွားမည်ဖြစ်ရာ စာစစ်ဌာနများအား မီးဘေးလုံခြုံရေးအတွက် ယမန်နေ့မွန်းလွဲ(၁)နာရီအချိန်က မြို့နယ်မီးသတ်ဦးစီးဌာနနှင့်တာဝန်ရှိသူများ ပူးပေါင်းကာ မီးဘေးလုံခြုံရေးစစ်ဆေးကြပ်မတ်မှုများ ဆောင်ရွက်ခဲ့သည်။

စာစစ်ဌာနများစစ်ဆေးရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁)ဗိုလ်မှူး ဘိုဘိုအောင်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီဌာန  မြို့နယ်ဦးစီး မှူးရုံးမှ မြို့နယ်ဦးစီးမှူး ဦးအောင်​ဇော်တင့်၊ မြို့နယ်ရဲတပ်ဖွဲ့မှူးရုံးမှ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးဌေးဝင်း၊ မြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးအောင်မင်းကျော်၊ မြို့နယ်ပညာရေးမှူးရုံးမှ မြို့နယ်ပညာရေးမှူး ဒေါ်ပြုံးကြည်၊ ဒုတိယမြို့နယ်ပညာရေးမှူး ဦးဇော်နိုင်မင်း၊ လက်ထောက် ပညာရေးမှူး ဦးခိုင်စိုးသန်း၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ လက်ထောက်အင်ဂျင်နီယာ ဦးမျိုးတင့်၊ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးရန်နိုင်စိုးနှင့်ကူမဲလျှပ်စစ်တာဝန်ခံ၊ ကျောင်းအုပ်ဆရာကြီး၊ဆရာမကြီးများက မီးဘေးလုံခြုံရေးအတွက်ကာကွယ်ပြင်ဆင်ထားပုံ များ၊  စာစစ်ဌာနများ၌လျှပ်စစ်မီး သွယ်တန်းသုံးစွဲမှုအခြေအနေများ၊ မီးချိတ်၊ မီးကပ်၊ သဲပုံး၊ ရေပုံး အရန်သင့်ထားရှိ မှုများ၊ မီးသတ်ရေကန်ထားရှိမှုအခြေအနေများအားကြည့်ရှုစစ်ဆေးကြပ်မတ်ပြီး မီးလောင်မှု၊ မီးလန့်မှုမဖြစ်ပွားစေရေးအတွက် စာစစ်ဌာနများကလိုက်နာဆောင်ရွက်ရမည့် ကိစ္စရပ်များအား အကြံပြုလမ်းညွှန်မှာကြားပြီးမြစ်သားမြို့နယ်တွင်းရှိ ၂၀၂၄-၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအတွက် စာစစ်ဌာန (၄ )ခုအားလိုက်လံစစ် ဆေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဝင်းမင်းထွန်း(ပြန်/ဆက်)