ချမ်းမြသာစည် မတ် ၂
မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ချမ်းမြသာစည်မြို့နယ်၊ မြို့နယ်မီးသတ်ဦးစီးဌာနသည် ယမန်နေ့ နံနက် ၁၀ နာရီအချိန်က တက္ကသိုလ်ဝင်တန်းစာစစ်ဌာန ဆောင်ရွက်မည့် အခြေခံပညာအထက်တန်းကျောင်းများသို့သွားရောက်၍ မီးဘေးကြိုတင်ကာကွယ်နိုင်ရေးလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် ချမ်းမြသာစည်မြို့နယ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဦးထင်ဇော်ဦးနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများနှင့်အတူ မြို့နယ်မီးသတ်ဦးစီးမှူး ဦးမင်းမင်းစိုးနှင့်မီးသတ်တပ်ဖွဲ့ဝင်များက တက္ကသိုလ်ဝင်စာမေးပွဲစာစစ်ဌာနအဖြစ်ဆောင်ရွက်မည့် အမှတ်(၇)အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၃၀)အခြေခံပညာအထက်တန်းကျောင်း၊ အမှတ်(၂၆)အခြေခံပညာအထက်တန်းကျောင်းများရှိ သက်ဆိုင်ရာကျောင်းအုပ်ကြီးများနှင့်တွေ့ဆုံ၍ မကြာမီကာလတွင် ဖြေဆိုကျင်းပတော့မည် တက္ကသိုလ်စာမေးပွဲတွင် ကျောင်းသား/ ကျောင်းသူများ စိတ်အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် မီးလောင်မှု/မီးလန့်မှုများမဖြစ်စေရေး မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့မှထုတ်ပြန်ထားသော မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို သိရှိလိုက်နာနိုင်ရန်ဆွေးနွေးပြောကြားခဲ့ပြီးနောက် စာသင်ခန်းများတွင် တပ်ဆင်အသုံးပြုထားသော လျှပ်စစ်မီးကြိုးများ၊ မီးသီးများနှင့် လျှပ်စစ်မိန်းခုံများကြံ့ခိုင်ကောင်းမွန်မှုရှိ/မရှိနှင့် အရေးပေါ်မီးငြှိမ်းသတ်နိုင်သော မီးသတ်ဆေးဘူးများအသင့်အနေအထားအသုံးပြု၍ ရ/မရ၊ ရေလှောင်ကန်များတွင် ရေဖြည့်တင်းဆောင်ရွက်ထားမှု ရှိ/မရှိ စသည့် မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို လိုက်လံကြည့်ရှုစစ်ဆေးကာလိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ချမ်းမြေ့