စဉ့်ကိုင် မတ် ၁
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်ဦးစီးဌာနမှူးရုံးမှ မြို့နယ်ဦးစီးမှူး ဉာဏ်စိုးနှင့်ဝန်ထမ်းများ ဇီဝဆိုင်ရာအချက်အလက် (Biometric) ကောက်ယူခြင်းနှင့်ဂဏန်း (၁၀)လုံးပါ Unique ID များ ထုတ်ပေးခြင်းလုပ်ငန်းများကို ယမန်နေ့နံနက် ၉ နာရီက ကျောက်ဆည်တက္ကသိုလ်၌ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
အဆိုပါလုပ်ငန်းများဆောင်ရွက်ခြင်းကို ကျောက်ဆည်တက္ကသိုလ်ရှိ ကျောင်းသား/သူများ၊ ဆရာ/ဆရာမများ၊ ဝန်ထမ်းများနှင့် မှီခိုမိသားစုဝင်များ၏ လူမှုစီးပွားရေး ကိစ္စရပ်အသီးသီး ဆောင်ရွက်ရာတွင်ပိုမိုလျင်မြန်လာစေရန် မြန်မာနိုင်ငံအတွင်းနေထိုင်သူများကို တစ်နေရာတည်းတွင် စိစစ်နိုင်သည့် တစ်ခုတည်းသော ဂဏန်း(၁၀)လုံးပါ UID နံပါတ်များ ထုတ်ပေးခြင်း၊ E - Government အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် အထောက်အကူပြုနိုင်သည့် ဇီဝဆိုင်ရာ အချက်အလက် (Biometric) ကောက်ယူခြင်းလုပ်ငန်းများကို အဆင့်ဆင့်ဆောင်ရွက်ပေးလျက်ရှိကြောင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများမရှိသေးသော အသက်(၁၀)နှစ်အထက် ကျောင်းသား/သူများနှင့် အသက်(၁၈)နှစ်ပြည့်ပြီးသော ကျောင်းသား/သူများကိုလည်း နိုင်ငံသားစိစစ်ရေးကတ်ပြားများ လဲလှယ်ပေးခြင်းများ ဆောင်ရွက်ပေးနိုင်ခဲ့သည်။
စဉ့်ကိုင်မြို့နယ်အနေဖြင့် (၂၈-၂-၂၀၂၅)ရက်နေ့အထိ ကောက်ယူရရှိပြီးသူ စုစုပေါင်း (၅၄၄၇၁) ဦးရှိပြီဖြစ်ကြောင်းနှင့် ဆောင်ရွက်ရန်ကျန်ရှိနေသော ပြည်သူများအား ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ စဉ့်ကိုင်မြို့နယ်လဝကဦးစီးမှူးရုံးမှ တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
ကျော်စွာ(စဉ့်ကိုင်)