အမရပူရ မတ် ၂
မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်၊ အမရပူရမြို့နယ်တွင် မြေပြင်လူဦးရေစာရင်းကောက်ယူရေးကြီးကြပ်မှုကော်မတီမှ မြို့နယ်အတွင်းရှိ လူဦးရေစာရင်းမှန်ကန်ရေး၊ မြေပြင်ကွင်းဆင်းစာရင်းနှင့် တိုက်ဆိုင်စစ်ဆေးမှုလုပ်ငန်းများအား တစ်မြို့နယ်လုံးအတိုင်းအတာဖြင့် ကွင်းဆင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အမရပူရမြို့နယ် ဆင်ရွာမြင်းမှူးကျေးရွာ၌ ဒုလဝကမှူး ဒေါ်သန်းသန်းဌေး ဦးဆောင်သောအဖွဲ့မှ ၂၀၂၅ ခုနှစ် ဒီဇင်ဘာလ(၃၁)ရက်နေ့တွင် အသက် (၁၈) နှစ်ပြည့်မီလာမည့်သူများနှင့် အသက်(၁၈)နှစ်အထက် လူဦးရေစာရင်းအား ၁-၃-၂၀၂၅ ရက်နေ့ကအသက်(၁၈)နှစ်နှင့်အထက် လူဦးရေများအနက်မှ ထောင်ကျ၊ ပြည်ပထွက်ခွာ၊ ပုံစံ(၁၀)အထွက်၊ ပုံစံ (၁၀)အဝင်၊ မွေးတိုး၊ လူမရှိ၊ ရဟန်း၊ သေဆုံး၊ အိမ်ထောင်စုခွဲများအား မှန်ကန်စွာ မှတ်ချက်အမှန်ရေးသွင်းနိုင်ရေးအတွက် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အုပ်စုဥက္ကဋ္ဌ၊ ရာအိမ်မှူး၊ ဆယ်အိမ်မှူး၊ ပရဟိတ္တအဖွဲ့များနှင့်အတူ ထပ်မံကွင်းဆင်းဆောင်ရွက်နေမှုကို မြို့နယ်ဦးစီးမှူး ဦးတင်ကိုကိုဝင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ပြီး လိုအပ်ချက်များကို ဖြည့်စွက်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
စိုးသီဟ(အမရ)