ကျောက်ဆည်မြို့၌ MERCY Malaysia အဖွဲ့သည် ငလျင်ဘေးသင့်ပြည်သူများအား ဆေးဝါးများ ကုသပေး
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့တွင် MERCY Malaysia အဖွဲ့မှ စိတ်ကျန်းမာရေးပညာရှင်နှင့်ကိုယ်ခန္ဓာပြန်လည်ကျန်းမာဖွံ့ဖြိုးရေး ပညာရှင်များပါဝင်သောဆေးအဖွဲ့သည် ယမန်နေ့နံနက်ပိုင်းက ကျောက်ဆည်မြို့ ပြည်သူ့ဆေးရုံကြီးတွင် ငလျင်ဘေးသင့်ပြည်သူများအား ဆေးဝါးများကုသပေးလျက်ရှိကြောင်း သိရသည်။