ပြင်ဦးလွင်မြို့တွင် ဆီထွက်သီးနှံတိုးချဲ့စိုက်ပျိုးထုတ်လုပ်နိုင်ရေးအတွက် ဆွေးနွေးပွဲကျင်းပ
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြင်ဦးလွင်မြို့နယ်အတွင်း ဆီထွက်သီးနှံ တိုးချဲ့စိုက်ပျိုး ထုတ်လုပ်နိုင်ရေးအတွက် မေလ ၁၉ ရက်နေ့ မွန်းလွဲပိုင်း (၂) နာရီက ခရိုင်စိုက်ပျိုးရေးဦးစီးဌာန၊ အစည်းအဝေးခန်းမဆောင်၌ ကျင်းပပြုလုပ်ရာ တာဝန်ရှိသူများနှင့် စိုက်ပျိုးတောင်သူများ တက်ရောက်ကြသည်။