သာစည် မေ ၂၀
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် ကျောင်းနေအရွယ်ကလေးများအားလုံး ပညာသင်ယူခွင့်ရရှိစေရန် ၂၀၂ ၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေး သီတင်းပတ်ဆိုင်းဘုတ်များ စိုက်ထူခြင်းကို မေ ၂၀ ရက် နံနက် ၇ နာရီက မိတ္ထီလာ-တောင်ကြီး ကားလမ်းမဘေး သာစည်မြို့ မော်တော်ယာဉ်လမ်းဆုံမီးပွိုင့်အနီးနှင့် မြို့မဈေးကြီး အနီးတို့၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါဆိုင်းဘုတ်တွင် “ကျောင်းနေအရွယ်ကလေးအားလုံး စဉ်ဆက်မပြတ်ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့”ဟုပါရှိပြီး ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် မေလ ၂၂ ရက်နေ့မှ ဇွန်လ ၁ ရက် နေ့အထိဖြစ်ကြောင်း သိရသည်။ ဆိုင်းဘုတ်စိုက်ထူပွဲသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်ကျော်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မြို့နယ်ပညာရေးမှူးဦးလှထွန်းနှင့် ပညာရေးဝန်ထမ်းများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာနမှ ဝန်ထမ်းများ၊ ဆရာ/မများ၊ မြို့နယ်အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ တက်ရောက်ကြပြီး ဆိုင်ဘုတ်အား အမွှေးနံ့သာရည်များ ပက်ဖျန်းကာ စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံများ ရိုက်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)