မတ္တရာမြို့နယ်၌ ကျောင်းအပ်နှံရေးနေ့ ပိုစတာစိုက်ထူ၊ တက္ကသိုလ်ဝင်စာမေးပွဲ ပြန်လည်ဖြေဆိုကြမည့် ကျောင်းသား/ကျောင်းသူများအား ဆိုလာမီးလုံးများ ထောက်ပံ့
မန္တလေးတိုင်းဒေသကြီး မတ္တရာမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် ကျောင်းနေအရွယ် ကလေးအားလုံး ကျောင်းအပ်နှံရေးအတွက် "ကျောင်းနေအရွယ်ကလေးအားလုံး စဉ်ဆက်မပြတ် ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့" ဆောင်ပုဒ်ပါ ကျောင်းအပ်နှံရေးနေ့ အထိမ်းအမှတ် လှုံ့ဆော်ရေး မြေစိုက်ပိုစတာစိုက်ထူပွဲကို ယနေ့နံနက် ၉ နာရီက အ.ထ.က (မတ္တရာ) ကျောင်းရှေ့၌ ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။