မိတ္ထီလာ မေ ၂၀
မန္တလေးတိုင်းဒေဿကြီး၊ မိတ္ထီလာမြို့နယ်တွင် ရောနှောဆီအပါအဝင် စားသုံးဆီအမျိုးမျိုးအား ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့က ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ သိရသည်။
မိတ္ထီလာခရိုင်စားသုံးသူရေးရာဦးစီးဌာန၊ မိတ္ထီလာခရိုင်ဦးစီးမှူး ဦးဇော်မင်းနှင့် ဝန်ထမ်းများသည် မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့်ပူးပေါင်း၍ မိတ္ထီလာမြို့၊ မြို့မဈေးအတွင်း စားသုံးဆီအရောင်းဆိုင် (၅) ဆိုင်အား စျေးကွက်စောင့်ကြည့်စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ရာတွင် ဈေးအတွင်းရှိ စားသုံးဆီ အမျိုးမျိုးဖြန့်ဖြူး ရောင်းချလျက်ရှိသော ကုန်မျိုးစုံဆိုင်ပိုင်ရှင်များအား ရောနှောဆီအပါအဝင် စားသုံးဆီအမျိုးမျိုးတို့တွင် မြန်မာနိုင်ငံစားသုံးသူရေးရာကော်မရှင်က ထုတ်ပြန်ထားသော ညွှန်ကြားချက်အမှတ် (၂/၂၀၁၉) နှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ညွှန်ကြားချက်အမှတ် (၁/၂၀၂၁)တို့အား လိုက်နာဆောင်ရွက်ရမည့်အပြင် မြန်မာနိုင်ငံအစားအသောက်နှင့် ဆေးဝါးအာဏာပိုင်အဖွဲ့မှ ထုတ်ပြန်ထားသော ဟင်းသီးဟင်းရွက်ဆီများကို ရောနှောဆီ (Blended Oil) အပြင် ရောစပ်ရာတွင် အရည်အသွေး အာမခံချက် နှင့် အမှတ်တံဆိပ်ကပ်ခြင်းဆိုင်ရာ သတ်မှတ်သည့်အမိန့် (၂/၂၀၂၄)တို့အား ရှင်းလင်းပြောကြား အသိပေးခဲ့ပြီးနောက် ဈေးကွက်စောင့်ကြည့် ကွင်းဆင်းစစ်ဆေးခဲ့ကာ အမိန့်၊ ညွှန်ကြားချက်များနှင့် ကိုက်ညီသော ရောနှောဆီနှင့် စားသုံးဆီအမျိုးမျိုးကိုသာ ဈေးကွက်အတွင်း ဝယ်ယူဖြန့်ဖြူး ရောင်းချကြရန် ဆွေးနွေးအသိပညာပေး ပြောကြားခဲ့ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)