မန္တလေးတိုင်းဒေသကြီး

တံတားဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူများအား အသိပညာပေးဟောပြော

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ တံတားဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ တောင်သူများအား အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက် (၁၀) နာရီက တံတားဦမြို့ စိုက်ပျိုးရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမရှေ့၌ ကျင်းပခဲ့ကြောင်းသိရသည်။

ပုသိမ်ကြီးမြို့နယ်တွင် မိုးရာသီ စိုက်ပျိုးစရိတ် ချေးငွေများ စတင်ထုတ်ပေး

မန္တလေးတိုင်းဒေသကြီး၊ ပုသိမ်ကြီးမြို့နယ်၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်အနေဖြင့် ရာသီအလိုက် တောင်သူများကို ချေးငွေများ ထုတ်ပေးလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက စတင်ကာ မိုးရာသီ စိုက်ပျိုးရေးစရိတ် ချေးငွေများကို စတင်ထုတ်ချေးပေးလျက်ရှိသည်။

မန္တလေးတိုင်းဒေသကြီးအတွင်း တောင်သူများအား ၂၀၂၅ ခုနှစ်၊ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေ စတင်ထုတ်ချေး

စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၊ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်၊ မန္တလေးတိုင်းဒေသကြီးအတွင်း ခရိုင်/မြို့နယ်ဘဏ်ခွဲများမှ တောင်သူကြီးများကို ၂၀၂၅ ခုနှစ်၊ မိုးရာသီစိုက်ပျိုး စရိတ်ချေးငွေများအား (၂၀၂၅ ခုနှစ်၊ မေလမှစက်တင်ဘာလအထိ) ဘဏ်ခွဲအသီးသီးမှ မိုးသီးနှံအတွက် စိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးဆောင်ရွက်သွားမည်ဖြစ်သည်။

တံတားဦးမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ် မြေစိုက်ပိုစတာ(ဗီနိုင်း) စိုက်ထူပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ တံတားဦးမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေး သီတင်းပတ်မြေစိုက်ပိုစတာ (ဗီနိုင်း) စိုက်ထူပွဲကို ယနေ့နံနက်(၈)နာရီက တံတားဦးမြို့ အမှတ်(၂)ရပ်ကွက် ဆုံကုန်းရပ် တံတားဦး-မြို့သာ ကားလမ်း မြို့အဝင်ဆိုင်းဘုတ်အနီးတင် ကျင်းပခဲ့ကြောင်း သိရသည်။

ချမ်းမြသာစည်မြို့နယ်၌ ငလျင်‌ဘေးသင့် ပြည်သူများအား စားသုံးကုန်ပစ္စည်းများ ပေးအပ်

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင် ချမ်းမြသာစည်မြို့နယ်၊ သံလျှက်မော်တောင် ရပ်ကွက်၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတွင် ယနေ့နံနက် ၁၀ နာရီအချိန်မှ စတင်၍ မန္တလေးငလျင်ကြီးလှုပ်ခတ်မှုကြောင့် နေအိမ်များ ထိခိုက်ပျက်စီးခဲ့သည့် ငလျင်ဘေးသင့်ပြည်သူများအား စားသုံးကုန်ပစ္စည်းများ ပေးအပ်ခြင်းကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ညောင်ဦးမြို့နယ် လက်ပံခြေပေါ်မြစ်ရေတင်ဖြင့် နွေစပါး ၁၀၀ ဧကစိုက်ပျိုးပြီး

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် လက်ပံခြေပေါ်ဆိုလာမြစ်ရေတင်ဖြင့် နွေစပါး ၁၀၀ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း ညောင်ဦးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန တာဝန်ရှိသူများထံက သိရသည်။

မြန်မာနိုင်ငံကြက်ခြေနီအသင်းမှ ပုသိမ်ကြီးမြို့နယ်ရှိ ငလျင်ဘေးသင့် ပြည်သူများအား ထောက်ပံ့ငွေနှင့် ပစ္စည်းများပေးအပ်

မြန်မာနိုင်ငံကြက်ခြေနီအသင်း၏ ငလျင်ဘေးအန္တရာယ်ဆိုင်ရာ တုန့်ပြန်ဆောင်ရွက်ခြင်းလုပ်ငန်းများအနေဖြင့် ပုသိမ်ကြီးမြို့နယ်ရှိ ငလျင်ဘေးသင့် ပြည်သူများအား ထောက်ပံ့ပေးအပ် ခြင်းကို ယမန်နေ့နံနက် ၉ နာရီခွဲက ပုသိမ်ကြီးမြို့နယ် ကြက်ခြေနီအသင်းခွဲရုံး၌ ဆောင်ရွက်သည်။

စဉ့်ကိုင်မြို့နယ်၌ "ကျောင်းနေရွယ်ကလေးအားလုံး စဉ်ဆက်မပြတ် ပညာသင်ကြားဖို့ ကျောင်းအပ်နှံကြပါစို့" မြေစိုက်ပိုစတာ စိုက်ထူပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် (၂၀၂၅-၂၀၂၆) ပညာသင်နှစ် ကျောင်းအပ်နှံရေး သီတင်းပတ်အဖြစ် ၂၀၂၅ ခုနှစ်၊ မေလ ၂၂ ရက်နေ့မှ ဇွန်လ ၁ ရက်နေ့အထိ သတ်မှတ်ထားပြီး ပြည်သူအားလုံး ပူးပေါင်းပါဝင်နိုင်ရေးအတွက် “ကျောင်းနေအရွယ်ကလေးအားလုံး စဥ်ဆက်မပြတ် ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” မြေစိုက်ပိုစတာ စိုက်ထူပွဲကို ယနေ့ နံနက်ပိုင်း ၈ နာရီအချိန်က မြို့နယ်ပညာရေးမှူးရုံးရှေ့တွင် ကျင်းပခဲ့သည်။

ငါန်းဇွန်မြို့၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် “ကျောင်းနေအရွယ်ကလေးအားလုံး စဉ်ဆက်မပြတ် ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” မြေစိုက်ပိုစတာစိုက်ထူ

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန်မြို့၌ ၂၀၂၅-၂၀၂၆ပညာသင်နှစ် “ကျောင်းနေအရွယ်ကလေးအားလုံး စဉ်ဆက်မပြတ်ပညာသင်ယူဖို့ ကျောင်းအပ်နှံကြပါစို့” မြေစိုက်ပိုစတာစိုက်ထူခြင်းကို ယနေ့နံနက် ၈နာရီက ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

မန္တလေးတက္ကသိုလ်ရာပြည့်သဘင်အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

မန္တလေးတက္ကသိုလ်ရာပြည့်သဘင်အခမ်းအနား အောင်မြင်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မေ ၁၉ ရက် မွန်းလွဲပိုင်းက မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင်ကျင်းပရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ မန္တလေးတက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ်များ၊ မန္တလေးတက္ကသိုလ်ကျောင်းသားဟောင်းများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး