ကျောက်ပန်းတောင်း မေ ၂၀
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ မီးဘေးလုံခြုံရေးနှင့် မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲက ပုပ္ပားကျေးရွာအုပ်စုရှိ Popa Mountain Resort Hotel တွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မြို့နယ် မီးသတ်ဦးစီးမှူး ဦးသန်းမြင့်နှင့် သန္ဓေတပ်ဖွဲ့ဝင်များသည် Popa Mountain Resort Hotel ရှိ အစည်းအဝေးခန်းမတွင် ဟော်တယ်မန်နေဂျာနှင့် ဝန်ထမ်း(၅၀)ဦးတို့အားတွေ့ဆုံ၍ မြို့နယ် မီးသတ်ဦးစီးမှူးက မီးဘေးလုံခြုံရေး သတိပြုဆောင်ရွက်သင့်သည့်အချက်များ၊ မီးလောင်မှု ဖြစ်ပွားတတ်သည့် အကြောင်းအရင်းများနှင့် အရေးပေါ် မီးငြှိမ်းသတ်ရာတွင် လိုက်နာသင့်သည့် အချက်များနှင့် မီးသတ်ဆေးဘူး အသုံးပြုနည်းများကို၊ အသိပညာပေး ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနောက် ဟော်တယ် ဝန်ထမ်းများအား မီးသတ်ဆေးဘူး အသုံးပြု၍ အရေးပေါ်မီးငြှိမ်းသတ်နည်းနှင့် ဆီမီး၊ ဂက်စ်မီး ငြှိမ်းသတ်နည်းများကို မီးသတ်တပ်ဖွဲ့ဝင်များက ဝန်ထမ်းများနှင့်ပူးပေါင်း၍ ဇာတ်တိုက်သရုပ်ပြသကြပြီး၊ မြို့နယ်ဦးစီးမှူးက မီးသတ်ရေငုတ်များနှင့် ပိုက်လိပ်၊ ပိုက်ခေါင်းများ၊ ရေပန့်စနစ်များ ကောင်းမွန်မှု ရှိ/မရှိတို့ကို စစ်ဆေး၍ လိုအပ်သည်များကို အကြံပြုဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
နေအောင်(ပြန်/ဆက်)