ချမ်းအေးသာစံမြို့နယ် အမှတ် (၁၉) အခြေခံပညာအထက်တန်းကျောင်းတွင် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်

ချမ်းအေးသာစံ မေ ၂၁

ချမ်းအေးသာစံမြို့နယ်အတွင်း သန့်ရှင်းသာယာလှပစေရေးအတွက် သန့်ရှင်းရေးလုပ်ငန်းများကို စဥ်ဆက်မပျက် ဆောင်ရွက်လျက်ရှိရာ ပြည်ကြီးပျော်ဘွယ်အနောက်ရပ်ကွက်၊ ၈၈*၈၉ လမ်းကြား၊ ၃၂*၃၃ လမ်းကြားရှိ အမှတ် (၁၉) အခြေခံပညာအထက်တန်းကျောင်း၌ မေလ ၁၉ ရက်နေ့ နံနက်ပိုင်းတွင် မြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့များနှင့်ဌာနဆိုင်ရာမှ တာဝန်ရှိသူများ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ခဲ့ကြသည်။

ထိုသို့ သန့်ရှင်းရေးလုပ်ငန်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်း၊ အဖွဲ့ဝင် (၁) ဗိုလ်မှူးအေးလင်းထွန်း၊ အဖွဲ့ဝင် (၂) ဦးဇော်ဖေတို့၏ ကြီးကြပ်မှုဖြင့် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင် သာယာရေးအဖွဲ့ဝင်များ၊ ရဲတပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာမှ တာဝန်ရှိသူများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် ဆရာ၊ ဆရာမများ စုစုပေါင်း (၁၇၉) ဦး သန့်ရှင်းရေးလုပ်ငန်းများ လုပ်ဆောင်ခဲ့ကြသည်။

အဆိုပါ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်သည့်နေရာသို့ မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ အတွင်းရေးမှူး  ဦးဝင်းမောင်နှင့် ကော်မတီဝင်များ လာရောက်ကြည့်ရှု့စစ်ဆေးခဲ့ပြီး အမှတ် (၁၉) အခြေခံပညာအထက်တန်းကျောင်းအတွင်းရှိ ငလျင်ဒဏ်ကြောင့်ပြိုကျပျက်စီးခဲ့သော ကျောင်းဆောင်အတွင်းမှ အုတ်ခဲများ၊ သစ်သားများ၊ အမှိုက်များနှင့် ကျောင်းဝင်းအတွင်းရှိ သစ်ကိုင်းများ၊ ခြံနွယ်များ ခုတ်ထွင်ရှင်းလင်းခဲ့ကြပြီး ဆရာ၊ဆရာမများမှ ဌာနဆိုင်ရာများအား လက်ဖက်ရည်နှင့် ပေါင်မုန့်များ ပေးဝေခဲ့ကြောင်း သိရသည်။

ချမ်းမြေ့မောင်