မန္တလေးငလျင်ကြောင့် ပြိုကျပျက်စီးသွားသည့် အိမ်ပိုင်ရှင်များအား ထောက်ပံ့ပစ္စည်းများ ပေးအပ်

အမရပူရ မေ ၂၈

မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်၊ အမရပူရမြို့၊ မှန်တန်းရပ်ကွက်အတွင်းရှိ မန္တလေးငလျင်ကြောင့် ပြိုကျပျက်စီးခဲ့သည့် အိမ်ရှင်များအား ယနေ့နံနက် ၁၁ နာရီအချိန်က မှန်တန်းရပ်ကွက်ရှိ မိုးကောင်းဓမ္မာရုံတွင် Save the Children အဖွဲ့မှ ထောက်ပံ့ပစ္စည်းများ ပေးအပ်ခဲ့သည်။

အဆိုပါ မန္တလေးငလျင်ကြောင့် မှန်တန်းရပ်ကွက်အတွင်း အိမ် ၉၇ လုံး ပြိုကျပျက်စီးခဲ့သည်။ ယင်းပျက်စီးပြိုကျသည့် အိမ်များအတွက် Save the Children အဖွဲ့မှ အိမ်ထောင်စု ဘက်စုံသုံး ပစ္စည်း ၂၃ မျိုးကို ထောက်ပံ့ပေးခဲ့ရာ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် ရာအိမ်မှူးများက ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

စိုးသီဟ(အမရ)