တံတားဦးမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် ကျောင်းသား/သူ စုစုပေါင်း (၂၀၀၅၆) ဦး ကျောင်းအပ်လက်ခံပြီးစီး

တံတားဦး မေ ၂၈

မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် တံတားဦးမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ၂၀၂၅ ခုနှစ် မေလ (၂၂) ရက်နေ့အထိ အခြေခံပညာကျောင်းများတွင် ကျောင်းသား/သူများ နေ့စဉ် ကျောင်းလာရောက်အပ်နှံလျက်ရှိကြောင်း သိရသည်။

တံတားဦးမြို့နယ်အနေဖြင့် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်တွင် KG တန်းမှ Grade–5 အထိ မူလတန်းအဆင့် ကျောင်းသား/သူ စုစုပေါင်း (၁၄၆၄၀) ဦး၊  Grade–6 တန်းမှ Grade – 9 အထိ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၄၀၇၁) ဦး၊ Grade–10 တန်းမှ Grade-12 အထိ အထက်တန်းအဆင့် ကျောင်းသား/သူ စုစုပေါင်း (၁၃၄၅) ဦး လာရောက်၍ ကျောင်းအပ်နှံကြရာ သက်ဆိုင်ရာဆရာ/များမှ အသီးသီး လက်လံပေးကြသည်။ တံတားဦးမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်၌ ထက်၊ လယ်၊ မူ ကျောင်းသား/သူ စုစုပေါင်း (၂၀၀၅၆) ဦး ကျောင်းအပ်လက်ခံပြီးစီးကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ကျောင်းအပ်ပြီးစီးသည့် ကျောင်းသား/သူများ ငွေကြေးကုန်ကျမှုမရှိစေရေးအတွက် နိုင်ငံတော်မှမူလတန်းအဆင့် ကျောင်းသား/သူတစ်ဦးလျှင် ကျောင်းဝတ်စုံများ၊ ခဲတံ၊ ဘောပင်၊ ဗလာစာအုပ်များနှင့် ကျောင်းသုံးပြဌာန်းစာအုပ်များ အခမဲ့အသီးသီး ထောက်ပံ့ပေးလျက်ရှိပါကြောင်း အခြေခံပညာကျောင်းများကို ၂၀၂၅-ခုနှစ် ဇွန်လ (၂) ရက်နေ့ နံနက်ပိုင်းမှ စတင်ပြီး အခြေခံပညာကျောင်းများအားလုံးနှင့် ဘုန်းတော်ကြီးသင်ပညာရေးကျောင်းများအားလုံး စတင်ဖွင့်လှစ်မည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

ရဲတင့်(ပြန်/ဆက်)