ပြည်ကြီးတံခွန် မေ ၂၈
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန အောက်ထပ်၌ (၂၈.၃.၂၀၂၅) ရက်နေ့တွင်လှုပ်ခတ်ခဲ့သော မန္တလေးငလျင်ကြီးကြောင့် ငလျင်ဘေး သင့်ဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုများနှင့် ပြည်သူများအား ဝမ်းပျက်၊ ဝမ်းလျှောရောဂါ ကြိုတင်ကာကွယ်ဆေးတိုက်ကျွေးခြင်းလုပ်ငန်းကို ယနေ့နံနက် (၁၀) နာရီအချိန်က တတိယအကြိမ် အဖြစ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ(အခမဲ့)ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ ဆောင်ရွက်ရာတွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ပြည်သူ့ကျန်းမာရေးဉီးစီးမှူး ဦးစီးအရာရှိ ဒေါ်မြတ်မိုးဦးနှင့်အဖွဲ့ဝင်များက ပြည်ကြီးတံခွန်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မန္တလေးခရိုင်ရုံးမှဝန်ထမ်းများ၊ မြို့နယ်တရားဥပဒေရုံးမှ ဝန်ထမ်းများ၊ မြို့နယ်ရဲစခန်းမှ ရဲဝန်ထမ်းများ၊ ဝန်ထမ်းမိသားစုဝင်များနှင့်ရပ်ကွက်နေပြည်သူများအား ဝမ်းပျက်၊ ဝမ်းလျှောရောဂါကာကွယ်ဆေးကို ဧပြီ (၃၀)ရက်နေ့တွင် ပထမအကြိမ်နှင့် မေလ(၇)ရက်နေ့တွင် ဒုတိယအကြိမ် တိုက်ကျွေးခဲ့ပြီး ယခုအခါ တတိယအကြိမ်အဖြစ် ဝန်ထမ်းနှင့်ဝန်ထမ်းမိသားစုများ၊ ရပ်ကွက်နေပြည်သူများ စုစုပေါင်း(၉၀)ဦး တိုက်ကျွေးခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)