မြစ်သားမြို့နယ်တွင် မိုးသီးနှံ၊ မိုးစပါးစိုက်ပျိုးမည့် တောင်သူများအား ပန်းတိုင်အထွက်နှုန်း ရရှိရေးအတွက်တောင်သူ စိုက်ပျိုးနည်းပညာပေးဆွေးနွေးပွဲကျင်းပ

မြစ်သား   မေ ၂၈

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် စိုက်ပျိုးရေးဦးစီးဌာနမှ မိုးသီးနှံ၊ မိုးစပါးစိုက်ပျိုးမည့် တောင်သူများ မျိုးကောင်းမျိုးသန့်သုံးစွဲနိုင်ရေး၊ မြေဆီဩဇာထက်သန်ရေးလိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် ပန်းတိုင်အထွက်နှုန်းရရှိစေရန်အတွက် မိုးသီးနှံ၊မိုးစပါးစိုက်ပျိုးမည့်တောင်သူများအား တောင်သူစိုက်ပျိုးနည်းပညာပေး ဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ(၂) နာရီအချိန်ကပွဲလုံးကျော်ကျေးရွာ အုပ်စုရှိ၊ ထိန်ကန်ကြီးကျေးရွာ၌ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် ခရိုင်စိုက်ပျိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်ငြိမ်းထွေးက မိုးသီးနှံ၊မိုးစပါးစိုက်ပျိုးမည့် တောင်သူများအကျိုးဖြစ်ထွန်းစေရေးနှင့် ‌မိုးသီးနှံ၊ မိုးစပါးများကို အဓိကစိုက်ပျိုးသွားမှာဖြစ်ပြီး ယမန်နှစ်ထက် မိုးစပါးကို တိုးမြှင့်စိုက်ပျိုးသွားမှာဖြစ်‌ကြောင်း၊ ‌မိုးသီးနှံ၊ မိုးစပါး‌၊ မြေပဲ၊ နှမ်း‌၊ နေကြာ၊ ဝါစိုက်ပျိုးမည့်တောင်သူများ မျိုးကောင်းမျိုးသန့် သုံးစွဲနိုင်ရေးအတွက် စိုက်ပျိုးရေးဦးစီးဌာနနှင့် ချိတ်ဆက်ဆောင်ရွက်ရန်၊ မြေဆီဩဇာ ထက်သန်ရေးအတွက် လိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် ပန်းတိုင်အထွက်နှုန်းရရှိရေး အတွက်လိုက်နာရမည့် နည်းစနစ်များကို ပညာပေးဆွေးနွေးခဲ့သည်။ ဆက်လက်၍ ရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ မြေ၊မျိုး၊ပိုး တာဝန်ခံများကမြေဆီလွှာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း မျိုးစေ့ အရည်အသွေးထိန်းသိမ်းရေးလုပ်ငန်း၊ စိုက်ပျိုးသီးနှံများတွင် ကျရောက်တတ်သောဖျက်ပိုးများ၏ အလေ့အထနှင့် ကာကွယ်နှိမ်နှင်းနည်းများ၊ သီးနှံအထွက်တိုးနည်းပညာများကို အသီးသီးပညာပေးဆွေးနွေးခဲ့သည်။ ဆက်လက်၍ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဦးစိုးမင်းနိုင်က ယခုလိုပညာပေး ဆွေးနွေးဆောင်ရွက်ခြင်းဖြင့် လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်ကြောင်း၊ တောင်သူလယ်သမားများ၏ လူမှုစီးပွား ဘဝဖွံ့ဖြိုးတိုးတက်ပြီး စိုက်ပျိုးသီးနှံများ တစ်ဧကအထွက်နှုန်း တိုးတက်လာပြီးပန်တိုင်အထွက်နှုန်းပိုမို‌‌ ကောင်းမွန်လာမည် ဖြစ်ကြောင်း အကျယ်တဝင့် ဆွေးနွေးခဲ့သည်။

အဆိုပါဆွေးနွေးပွဲသို့ ဒေသခံတောင်သူ (၇၀) ဦး တက် ရောက်ခဲ့ကြပြီး၊ တောင်သူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ကြရာ ခရိုင်စိုက်ပျိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်ငြိမ်းထွေးနှင့်ဝန်ထမ်းများက ပြန်လည်ရှင်းလင်းဆွေးနွေးပေးခဲ့ကြောင်း သိရသည်။ နွေးအပြီးတွင် စိုက်ပျိုးရေးဦးစီးဌာနမှ အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေခဲ့ကြောင်း သိရသည်။

ဝင်းမင်းထွန်း(ပြန်/ဆက်)