မိတ္ထီလာ မေ ၂၈
လာမည့်ဇွန်လာ ၅ ရက်နေ့တွင် ကျရောက်မည့် ၂ဝ၂၅ ခုနှစ် ကမ္ဘာပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အကြို လှုပ်ရှားမှုအဖြစ် ခရိုင်ပတ်ဝန်ကျင်းထိန်းသိမ်းရေးဦးစီးဌာနမှ စီစဉ်ဆောင်ရွက် သော အသိပညာပေးဟောပြောပွဲကို မိတ္ထီလာမြို့နယ် တောမကျေးရွာအုပ်စု တောမကျေးရွာ၌ ယနေ့နံနက် ၉ နာရီ အချိန်က ကျင်းပခဲ့ကြောင်း သိရသည်။
အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်အေးစန္ဒာက ၂ဝ၂၅ ခုနှစ် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ အထိမ်းအမှတ် ဆောင်ပုဒ်ဖြစ်သည့် ကမ္ဘာ့တစ်ဝန်း ပလတ်စတစ်ညစ်ညမ်းမှု အဆုံးသတ်ရေး ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးခေါင်းစဉ်ဖြင့် ပလတ်စတစ်အမှိုက်ညစ်ညမ်းမှု ကင်းစင်ရေးအတွက် ကျေးရွာဒေသခံ ပြည်သူများအနေဖြင့် ပလတ်စတစ်သုံးစွဲမှုကို လျှော့ချရှောင်ကြဉ်ရေး၊ ပလတ်စတစ်အမှိုက်များ၏ ဆိုးကျိုးများ၊ ပလတ်စတစ်အမှိုက် ကင်းစင်စေဖို့ဆောင်ရွက်ရာတွင် အားလုံးပူးပေါင်းဆောင်ရွက်ရန် တာဝန်ကိုယ်စီရှိကြကြောင်း စသည်ဖြင့် အသိပညာပေးဟောပြောသည်။ ထို့နောက် တက်ရောက်လာကြသည့် ကျေးရွာဒေသခံပြည်သူများအား အသိပညာပေး လက်ကမ်းစာစောင်များကို ခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနဝန်ထမ်းများက ဖြန့်ဝေပေးသည်။ အဆိုပါ အသိပညာပေးဟောပြောပွဲတွင် တက်ရောက်လာကြသူများအား ကမ္ဘာ့ဝန်းကျင်ထိန်းသိမ်းရေးနေ့နှင့် ပလတ်စတစ် ညစ်ညမ်းမှုဆိုင်ရာ အထွေထွေဗဟုသုတဉာဏ်စမ်းမေးခွန်းများကို မေးမြန်းပြီး အဖြေမှန်ဖြေဆိုနိုင်သူ များအား အမှတ်တရဂုဏ်ပြုလက်ဆောင်များကို လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်အေးစန္ဒာက ပေး အပ်ချီးမြှင့်ခဲ့ကြောင်းသိရသည်။
ချမ်းသာ