တံတားဦး မေ ၂၈
မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ တံတားဦးမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းသား၊ ကျောင်းသူများ အေးချမ်းစွာပညာသင်ကြားနိုင်ရန် မိုးဦးကျတွင်ဖြစ်ပွားတက်သော သွေးလွန် တုပ်ကွေးရောဂါ မဖြစ်ပွားရေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ခြင်ဆေးဖျန်းခြင်း၊ အဘိတ်ဆေးခတ်ခြင်း၊ ဖုံး၊ သွန်၊ လဲ၊ စစ် လုပ်ငန်းများကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းတွင် တံတားဦး အခြေခံပညာအထက်တန်းကျောင်းတွင် ပူးပေါင်းအဖွဲ့များဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အဆိုပါ လုပ်ငန်းများ ဆောင်ရွက်ရာတွင် သွေးလွန်တုပ်ကွေးရောဂါ မဖြစ်ပွားရေး ကြိုတင်ကာကွယ် နိုင်ရန်အတွက် အခြေခံပညာကျောင်းများရှိ ရေးတွင်း၊ ရေကန်များ၊ ရေအိုးများအား ခြင်ပေါက်ပွားမှုရှိ ၊ မရှိစစ်ဆေးခြင်း၊ ခြင်ပေါက်ပွားနိုင်သည့် ရေတွင်း၊ ရေကန်၊ ရေအိုးများ ရေသိုလှောင်ရန်များ အဖုံးဖုံးအုပ်ရန် အသိပေးခြင်း သောက်သုံးရေ ထည့်ထားသည့် ရေစည်၊၊ ရေအိုးများ၊ ဘုရားပန်းအိုးများအား ခြင်မပေါ်ပွားစေရန် လဲလှယ်ပြောင်းထည့်ခြင်း၊ စွန့်ပစ်ပစ္စည်းများ၊ ဘူးခွံများမှ ရေများအားသွန်ပစ်ခြင်း၊ ရေများမလှယ်နိုင်သည့်ရေကန်များကို ရေစစ်ဖြင့် စစ်ထုတ်ခြင်း၊ အဘိတ်ဆေး(Abate)ခတ်ခြင်း၊ စာသင်ကျောင်းခန်းမများနှင့် ကျောင်းဝန်းအတွင်းခြစ်ဆေးဖြန်းခြင်းလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်ပေးကြသည်။
သွေးလွန်တုပ်ကွေးရော ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို တံတားဦးမြို့နယ် ကျန်းမာရေးဦးစီးဌာနမှဝန်ထမ်းများ၊ အ-ထ-က၊ တံတားဦးကျောင်းအုပ်ဆရာကြီးနှင့်ဆရာ/မများနှင့်လူမှုရေးအသင်းဝင်များက ပူးပေါင်းဆောင်ရွက်ပေးကြကြောင်း သိရသည်။
ရဲတင့်(ပြန်/ဆက်)