နည်းပညာတက္ကသိုလ်(ကျောက်ဆည်)တွင် မန္တလေးငလျင်ကြီးကြောင့်ရပ်နားခဲ့ရသည့် စာမေးပွဲများအား ကျောင်းသား/ကျောင်းသူများ အစားထိုးစာမေးပွဲ အေးချမ်းအဆင်ပြေစွာ ဆက်လက်ဖြေဆို‌

ကျောက်ဆည် ဇွန် ၄

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် နည်းပညာတက္ကသိုလ်(ကျောက်ဆည်)တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မန္တလေးငလျင်ကြီးကြောင့် ရပ်နားခဲ့ရသည့် စာမေးပွဲများအား ကျောင်းသား/ ကျောင်းသူများ အစားထိုးစာမေးပွဲကို ယနေ့နံနက်ပိုင်းတွင် အေးချမ်းအဆင်ပြေစွာ ကျောင်းတက်ရောက်၍ ဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

နည်းပညာတက္ကသိုလ်(ကျောက်ဆည်)တွင် စာရင်းရှိကျောင်းသား (၄၆၃) ဦး ၊ မ (၄၆၉) ဦး စုစုပေါင်း (၉၃၂) ဦးရှိရာ ဖြေဆိုသူ ကျား (၄၅၇) ဦး၊ မ (၄၆၅) ဦး စုစုပေါင်း(၉၂၂)ဦး ရှိကြောင်းနှင့် ပျက်ကွက်သူ ကျား (၆) ဦး၊ မ(၄)ဦး စုစုပေါင်း(၁၀)ဦးရှိရာ စာမေးပွဲကို ၂၀၂၅ခုနှစ်၊ ဇွန်လ(၂)ရက်နေ့မှ ဇွန်လ(၅)ရက်နေ့အထိ (၅)ရက်ကြာ ဖြေဆိုသွားမည်ဖြစ်ပြီး ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာ စာမေးပွဲဖြေဆိုနိုင်ရေး နည်းပညာတက္ကသိုလ်(ကျောက်ဆည်)ပညာရေးအဖွဲ့မှ လိုအပ်သည်များ ကူညီပံ့ပိုးဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

တင်တင်ထွေး