ကျောက်ဆည် ဇွန် ၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ဆည်ခရိုင်၊ ကျောက်ဆည်မြို့တွင် မြို့အင်္ဂါရပ်နှင့်အညီ မြို့သန့်ရှင်းသာယာလှပရေး စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်(၉)နာရီက ပြည်သူ့ဆေးရုံကြီးတွင် စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ဆောင်ရွက်ရာသို့ ဒုတိယဗိုလ်ချုပ်ကြီး မျိုးသန့်နိုင်၊ ကျောက်ဆည်တပ်နယ်မှူး ဗိုလ်မှူးချုပ်တိုးမြင့်ကျော်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကောင်းမြတ်နိုင်၏ကြီးကြပ်မှုဖြင့်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ ရပ်ကွက်နေပြည်သူများ၊ စည်ပင်သာယာရေးအဖွဲ့နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ကြက်ခြေနီတပ်ဖွဲ့ဝင်များနှင့် လူမှုရေးအသင်း အဖွဲ့များ စုပေါင်း၍ ပြည်သူ့ဆေးရုံဝန်းအတွင်းရှိ နွယ်မြက်သစ်ပင်များ၊ ခြုံနွယ်များ၊ သစ်ကိုင်းအခြောက်များ၊ ပလတ်စတစ်အမှိုက်များအား စုပေါင်းသန့်ရှင်းခဲ့ပြီး ထွက်ရှိလာသောအမှိုက်များကို မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ ဌာနပိုင်အမှိုက်သိမ်း ယာဉ် (၂)စီးဖြင့် စနစ်တကျ သိမ်းဆည်းစွန့်ပစ်ခဲ့ကြောင်း သိရသည်။
အောင်ပိုင်ပိုင်ကျော်