နည်းပညာတက္ကသိုလ်(ကျောက်ဆည်)တွင် မန္တလေးငလျင်ကြီးကြောင့် ရပ်နားခဲ့ရသည့် အစားထိုးစာမေးပွဲများ ဆက်လက်ဖြေဆိုနေမှုအား တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေး

ကျောက်ဆည် ဇွန် ၄

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် နည်းပညာတက္ကသိုလ်(ကျောက်ဆည်)တွင် ၂၀၂၄ -၂၀၂၅ ပညာသင်နှစ် မန္တလေးငလျင်ကြီးကြောင့် ရပ်နားခဲ့ရသည့် စာမေးပွဲများအား ကျောင်းသား/ ကျောင်းသူများ အစားထိုးစာမေးပွဲကို ယနေ့နံနက် (၈) နာရီခွဲမှစတင်၍တွင် အေးချမ်းအဆင်ပြေစွာ ကျောင်းတက်ရောက်၍ ဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

ထို့သို့စာမေးပွဲများ ဖြေဆိုရာသို့ ဒုတိယဗိုလ်ချုပ်ကြီး မျိုးသန့်နိုင်၊ ကျောက်ဆည်တပ်နယ်မှူး ဗိုလ်မှူးချုပ်တိုးမြင့်ကျော်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကောင်းမြတ်နိုင်တို့သည် နည်းပညာတက္ကသိုလ် (ကျောက်ဆည်) တွင် မန္တလေးငလျင်ကြီးကြောင့် ရပ်နားခဲ့ရသည့် စာမေးပွဲများအား ကျောင်းသား/ ကျောင်းသူများ အစားထိုးစာမေးပွဲဖြေဆိုနေမှုများကို ကြည့်ရှု့အားပေးခဲ့ရာ နည်းပညာတက္ကသိုလ် (ကျောက်ဆည်) ပါမောက္ခချုပ် ဒေါက်တာ ခင်မောင်ချင်းက ကျောင်းသား/ကျောင်းသူများ စာမေးပွဲဖြေဆို နေမှုများနှင့်ပတ်သက်၍ ရှင်းလင်း ပြောကြားခဲ့ပြီး အဆိုပါစာမေးပွဲကို ၂၀၂၅ ခုနှစ်၊ ဇွန်လ (၂) ရက်နေ့မှ ဇွန်လ (၅) ရက်နေ့အထိ (၅) ရက်ကြာဖြေဆိုသွားမည်ဖြစ်ကြောင်းနှင့် ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာစာမေးပွဲဖြေဆိုနိုင်ရေး နည်းပညာတက္ကသိုလ် (ကျောက်ဆည်) ပညာရေးအဖွဲ့မှ လိုအပ်သည်များ ကူညီပံ့ပိုးဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အောင်ပိုင်ပိုင်ကျော်