ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ ၂၀၂၅ -၂၀၂၆ပညာသင်နှစ်၊ အခြေခံပညာအထက်တန်းကျောင်းများ စတင်ဖွင့်လှစ် ပညာသင်ကြား

ပြည်ကြီးတံခွန် ဇွန် ၄

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ ၂၀၂၅ -၂၀၂၆ပညာသင်နှစ်၊ အခြေခံပညာအထက်တန်းကျောင်းများတွင် ယမန်နေ့ ဇွန်လ ၂ ရက်နေ့ နံနက်ပိုင်းမှ စတင်၍ ဆရာ၊ ဆရာမများမှ   မူလတန်း၊ အလယ်တန်း၊ အထက်တန်း ကိုယ်ပိုင်အထက်တန်းကျောင်းများ၊ ဘုန်းတော်ကြီး‌‌ကျောင်းများရှိ ကျောင်းသား/သူများအား စတင်ပညာသင်ကြား‌‌ ပေးလျက်ရှိကြောင်းသိရသည်။

အဆိုပါ ပညာသင်ကြားရာတွင် ‌ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း (၂၅)ကျောင်း၊ ကိုယ်ပိုင်အထက်တန်း ကျောင်း(၂၅)ကျောင်း၊ ဘုန်းတော်ကြီးကျောင်း (၁၉)ကျောင်း ကျောင်းပေါင်း(၆၉)ရှိရာစုစုပေါင်း ကျောင်းသား/သူ(၃၆၀၄၈)ဦး အေးချမ်းပျော်ရွှင် စွာ တက်ရောက်ပညာသင်ကြားလျက်ရှိကြောင်း ပညာရေးမှူးထံမှ သိရသည်။

ခရိုင်(ပြန်/ဆက်)