ချမ်းအေးသာစံမြို့နယ်တွင် ရေဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများဆောင်ရွက်

ချမ်းအေးသာစံ ဇွန် ၄

မဟာအောင်မြေခရိုင်၊ ချမ်းအေးသာစံမြို့နယ်၊ သီရိဟေမာအနောက်ရပ်ကွက်၊ အထက်ကမ်းနာလမ်း၊ ၂၆ ×၂၇ လမ်းကြားရှိ ကရဝိတ်ရေပေါ်ဟိုတယ်အနီး မြစ်ကမ်းနားအနီး ရေဝင်ရောက်မှုရှိနိုင်သည့် နေများအတွင်း ရေဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို ယနေ့နံနက် ၉ နာရီချိန်တွင် ဆောင်ရွက်ခဲ့သည်။

ရေဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးမျိုးနိုင်၊ မြို့နယ်လူဝင်မှူးကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ဦးစီးအရာရှိ ဦးမင်းဦး၊ မြို့နယ်စည်ပင်သာယာရေးကော်မတီအဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ လူမှုကူညီရေးအဖွဲ့များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများစုပေါင်းဆောင်ရွက် ခဲ့ကြသည်။

ရေဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများအတွက် ချမ်းအေးသာစံမြို့နယ် သဘာဝဘေးအန္တရာယ်ကာကွယ်တားဆီးရေးဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းနှင့်အဖွဲ့ဝင်များမှ သဲအိတ်၊ မျှောတိုင်ဝါးများကြိုတင်ပြင်ဆင်နေမှုအခြေနေများ ဆောင်ရွက်ခဲ့ကြသည်။ ဧရာဝတီမြစ်၏ စိုးရိမ်ရေအမှတ်မှာ ၁၂၆၀ ဖြစ်ပြီး  ယနေ့ မနက် ၆ နာရီခွဲအချိန် တိုင်းထွာချက်အရ လက်ရှိရေအမှတ်သည် ၇၈၃ ဖြစ်ကြောင်း သိရသည်။ 

ချမ်းမြေ့မောင်