မန္တလေးတိုင်းဒေသကြီး

မြင်းခြံမြို့တွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ သင်္ချာဘာသာရပ်ကို အေးချမ်းစွာဖြေဆို

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့တွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ သင်္ချာဘာသာရပ်ကို ယနေ့နံနက် (၉) နာရီမှ စတင်ကာ ကျောင်းသား/သူများ အေးချမ်းစွာ ဖြေဆိုလျက်ရှိကြောင်း သိရသည်။

မိတ္ထီလာခရိုင်တွင် နွေစပါး မျိူးစေ့ထုတ်စိုက်ခင်း ဧက(၂၀၀) ကွင်းသရုပ်ပြပွဲနှင့် စံကွက်ရိတ်သိမ်းပွဲအခမ်းအနားကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်တွင် ၂၀၂၄-၂၀၂၅ခု ဘဏ္ဍာရေးနှစ် နွေစပါးမျိူးစေ့ထုတ် စိုက်ခင်းဧက (၂၀၀) ကွင်းသရုပ်ပြပွဲနှင့် စံကွက်ရိတ်သိမ်းပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီအချိန်က မိတ္ထီလာမြို့နယ် ထမုန်ကန်ကျေးရွာအုပ်စု စက်ပစ်တောင်ကျေးရွာ ဦးပိုင်အမှတ် ၁၀၅၊ ကွင်းအမှတ် ၈၄၉ ရှိ နွေစပါး မျိူးစေ့ထုတ်စိုက်ခင်း ဧက (၂၀၀)ရှိ တောင်သူ ဦးမြင့်အေး၏ စိုက်ဧက ၂.၅၀ ဧကတွင်  ရိတ်သိမ်းခဲ့ကြောင်း သိရသည်။

တောင်သာမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ သင်္ချာဘာသာရပ်ကိုအေးချမ်းစွာဖြေဆို

မန္တလေးတိုင်းဒေသကြီး၊ တောင်သာမြို့နယ်တွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ သင်္ချာဘာသာရပ်ကို ယနေ့နံနက် ၉ နာရီမှစ၍ စာစစ်ဌာန (၄)ခုတွင် ဖြေဆိုလျက်ရှိကြောင်း သိရသည်။

တိုင်းဒေသကြီး ငါးလုပ်ငန်းဦးစီးဌာနက ဧရာဝတီမြစ်အတွင်း ငါးကောင်ရေ (၇)သိန်း စိုက်ထည့်

တိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာနက ကြီးမှူး၍ပြုလုပ်သော ဧရာဝတီမြစ်အတွင်း ငါးမျိုးစိုက်ထည့်ခြင်းအခမ်းအနားကို ယနေ့နံနက် ၈ နာရီက မန္တလေး၊ အောင်မြေသာစံခရိုင်၊ အောင်မြေသာစံမြို့နယ်၊ ညောင်ကွဲရပ်ကွက်၊ ကျွဲစွန်းဆိပ်ကမ်းတွင် ကျင်းပပြုလုပ်ခဲ့ကြသည်။

တံတားဦးမြို့နယ်တွင် ၂၀၂၅ -  ခုနှစ် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ

တံတားဦးခရိုင်/မြို့နယ် ၂၀၂၅ ခုနှစ် မိုးရာသီ စုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်(၇)နာရီက တံတားဦးမြို့ အမှတ်(၃)ရပ်ကွက်  သမိုင်းဝင်ရွှေသာလျောင်းဘုရားကြီး(ပေါင်းလဲကြီး) ပရဝုဏ်ဝန်းတွင်း၌ မြို့နယ်သစ်တောဦးစီးဌာနမှ ဦးဆောင်ကျင်းပခဲ့ကြောင်းသိရသည်။

စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊စာအုပ်ပြပွဲနှင့်နံရံကပ်စာစောင်ပြသ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ကျောင်းသား/ကျောင်းသူများ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး လူငယ်စကားဝိုင်းများ၊ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲများ၊ သုတ/ရသစာအုပ်များနယ်လှည့်ငှားရမ်းပေးခြင်း၊ လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်း စသည့်အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက အမှတ်(၇)အခြေခံပညာမူလတန်း(လွန်)ကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲ၊ စာအုပ်ပြပွဲနှင့်နံရံကပ်စာစောင်ပြပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပြည်ကြီးမဏ္ဍိုင်မြို့တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ပန်းချီပြိုင်ပွဲ ပြုလုပ်

၂၀၂၅ ခုနှစ်၊ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ပန်းချီပြိုင်ပွဲကို ယနေ့နံနက် (၁၀)နာရီအချိန်က ပြည်ကြီးမဏ္ဍိုင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

သာစည်မြို့တွင် ကိုဗစ် - ၁၉ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြိုနယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စုများအတွင်းရှိ ပြည်သူများအား ကာကွယ်ဆေးလွှမ်းခြုံနိုင်ခြင်းဖြင့် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်နိုင်ရန် ယနေ့ နံနက် ၉ နာရီအချိန်မှစတင်၍ မြို့နယ်ပြည့်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ပုသိမ်ကြီးမြို့နယ်တွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ သင်္ချာဘာသာရပ် ကျောင်းသား၊ ကျောင်းသူ (၇၄၀)ဦး ဖြေဆို

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်တွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ Grade -12 သင်္ချာဘာသာရပ် စတင်ဖြေဆိုခြင်းကို ဇွန်လ ၁၈ ရက်နံနက် ၉ နာရီက မြို့နယ်တွင်းရှိ စာစစ်ဌာန ၂ ခု၌ ကျောင်းသား၊ ကျောင်းသူများ စာမေးပွဲဖြေဆိုလျက်ရှိသည်။

စဉ့်ကိုင်မြို့နယ်၌ ပြန်လည်ကျင်းပ‌စစ်‌ဆေးသည့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် (Grade-12) တက္ကသိုလ်ဝင်စာမေးပွဲ တတိယနေ့ သင်္ချာဘာသာရပ်တွင် ကျောင်းသား/ကျောင်းသူ (၁၂၄၄) ဦး ဆက်လက်ဖြေဆို

၂၀၂၄-၂၀၂၅ ပညာသင်နှစ် (Grade-12) တက္ကသိုလ်ဝင်စာ‌မေးပွဲ ပြန်လည်ကျင်းပစစ်‌ဆေးခြင်းများကို ဇွန်လ ၁၆ ရက်နေ့မှ သက်ဆိုင်ရာ စာစစ်ဌာနအသီးသီး၌ ကျင်းပ‌ဖြေဆိုခဲ့ရာ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်တွင် အ.ထ.က(စဉ့်ကိုင်)စာစစ်ဌာန၊ အ.ထ.က(ပလိပ်) စာစစ်ဌာနနှင့် အ.ထ.က(ဘယ်လင်း) စာစစ်ဌာနတို့၌ ယနေ့နံနက်ပိုင်းက တတိယနေ့အဖြစ် သင်္ချာဘာသာရပ်ကို ကျောင်းသား/သူ (၁၂၄၄) ဦးတို့ စိတ်အေးချမ်းသာစွာ ဆက်လက်ဖြေဆိုလျက်ရှိ‌‌ကြောင်း သိရသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး