ချမ်းအေးသာစံမြို့နယ်တွင် စတုတ္ထနေ့မြောက် ဓာတုဗေဒဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူ ၉၉.၂၈ ရာခိုင်နှုန်း ဖြေဆို
မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲကို ဇွန်လ ၁၆ ရက်နေ့မှ စတင်ဖြေဆိုလျက်ရှိရာ ယနေ့နံနက် ၉ နာရီတွင် ဓာတုဗေဒ ဘာသာရပ်ကို ကျောင်းသား၊ ကျောင်းသူများသည် စာဖြေဌာနအသီးသီးတွင် ဖြေဆိုလျက်ရှိသည်။