ပြည်ကြီးမဏ္ဍိုင် ဇွန် ၁၈
၂၀၂၅ ခုနှစ်၊ ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ပန်းချီပြိုင်ပွဲကို ယနေ့နံနက် (၁၀)နာရီအချိန်က ပြည်ကြီးမဏ္ဍိုင်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အဆိုပါ ပန်းချီပြိုင်ပွဲကို အခြေခံပညာအလယ်တန်းကျောင်း (ပြည်ကြီးမဏ္ဍိုင်)မှ အလယ်တန်းအဆင့် ကျောင်းသား/ကျောင်းသူ (၃၀)ဦး တို့က “မူးယစ်ဆေးဝါးကာကွယ်ရေး အသိပညာမြှင့်တင်ပေး” ခေါင်းစဉ်ဖြင့် ယနေ့နံနက် (၁၀)နာရီမှ (၁၁)နာရီခွဲထိ ပါဝင်ယှဉ်ပြိုင်ကြရာ တာဝန်ရှိသူများမှ လိုက်လံ ကြည့်ရှုခဲ့ကြသည်။
အဆိုပါ ပြိုင်ပွဲအပြီးတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသည့် မူးယစ်ဆေးဝါး၏ ဆိုးကျိုးများ၊ မူးယစ်ဆေးဝါး အမျိူးအစားများ၊ ကျန်းမာရေးနှင့်ပတ်သက်၍ သိသင့်သိထိုက်သည့် အကြောင်းအရာများစသည့် အသိပညာပေး နံရံကပ်စာစောင်များအားပြသရာ ကျောင်းသား/ကျောင်းသူများကစိတ် ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြသည်။ ပန်းချီပြိုင်ပွဲတွင် ဆုရရှိသည့် ကျောင်းသား/ ကျောင်းသူများအား ဇွန်လ ၂၀ ရက်နေ့တွင် ချီးမြှင့်ပေးသွားမည်ဖြစ်သည်။
ပြည်ကြီးမဏ္ဍိုင်(ပြန်/ဆက်)