ပုသိမ်ကြီး ဇွန် ၁၈
မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်တွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ Grade -12 သင်္ချာဘာသာရပ် စတင်ဖြေဆိုခြင်းကို ဇွန်လ ၁၈ ရက်နံနက် ၉ နာရီက မြို့နယ်တွင်းရှိ စာစစ်ဌာန ၂ ခု၌ ကျောင်းသား၊ ကျောင်းသူများ စာမေးပွဲဖြေဆိုလျက်ရှိသည်။
အဆိုပါ စာမေးပွဲဖြေဆိုရာသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးနေလင်းထွန်းနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် တာဝန်ရှိသူများက ကျောင်းသား၊ ကျောင်းသူများ ဘေးအန္တရာယ်ကင်းစွာဖြင့် စာမေးပွဲဖြေဆိုနိုင်ရေး ပူးပေါင်းဆောင်ရွက်ပေးကြသည်။
သင်္ချာဘာသာရပ် စာမေးပွဲဖြေဆိုရာတွင် စာရင်းရှိ ကျောင်းသား ၂၉၇ ဦး၊ ကျောင်းသူ ၄၅၅ ဦး၊ စုစုပေါင်း ၇၅၂ ဦး၊ လာရောက်ဖြေဆိုသူ ကျောင်းသား ၂၉၃ ဦး၊ ကျောင်းသူ ၄၄၇ ဦး၊ စုစုပေါင်း ၇၄၀ ဦး၊ ပျက်ကွက် ၁၂ဦး ရှိပြီး၊ ဖြေဆိုမှု ရာခိုင်နှုန်း ၉၈.၄၀ ရှိကြောင်းနှင့် ပုသိမ်ကြီးမြို့နယ်တွင် စာစစ်ဌာန အ-ထ-က ပုသိမ်ကြီး၊ အ-ထ-က အုန်းချောတို့တွင် ကျောင်းသား ကျောင်းသူများ အေးချမ်းပျော်ရွှင်စွာ စာမေးပွဲဖြေဆိုခဲ့ကြောင်း သိရသည်။
မြို့နယ်ပြန်/ဆက်