သာစည်မြို့တွင် ကိုဗစ် - ၁၉ ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေး

သာစည် ဇွန် ၁၈

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ သာစည်မြိုနယ်တွင် ရပ်ကွက်/ကျေးရွာအုပ်စုများအတွင်းရှိ ပြည်သူများအား ကာကွယ်ဆေးလွှမ်းခြုံနိုင်ခြင်းဖြင့် ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်နိုင်ရန် ယနေ့ နံနက် ၉ နာရီအချိန်မှစတင်၍ မြို့နယ်ပြည့်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဆက်လက် ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ကာကွယ်ဆေးထိုးနှံပေးရာတွင် အသက် ၁၂ နှစ်အထက်ပြည်သူများအား သတ်မှတ်ဆေးထိုးစုရပ်ဖြစ်သည့် မြိုနယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ကျန်းမာရေးဝန်ထမ်းများက ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး Pfizer JN1 COVID-19 ထိုးနှံပေးကြောင်းသိရပြီး ကာကွယ်ဆေးထိုးနှံပေးနေမှုများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်ကျော်နှင့်အဖွဲ့ဝင်များက သွားရောက်ကြည့်ရှုအားပေးပြီး  ကိုဗစ်ကာကွယ်ရေးနည်းလမ်းများနှင့်အညီ ထိုးနှံပေးရန် လိုအပ်သည်များ  ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)