ကျောက်ဆည်မြို့ရေတိုက်စားသွားသည့် အမှတ်(၂)ခရိုင်ချင်းဆက်လမ်းတာပေါင် ပြန်လည်ပြုပြင်ပြီးစီး
မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်ခရိုင် ကျောက်ဆည်မြို့နယ်တွင် ကုန်စည်စီးဆင်းမှု မြန်ဆန်စေရေးလမ်းတံတားများ ပြုပြင်ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၅-၂၀၂၆ ဘဏ္ဍာနှစ်တွင် ရေတိုက်စားသွားသည့် အမှတ်(၂)ခရိုင်ချင်းဆက်လမ်း၏ ၆၈.၈ ကီလိုမီတာနှင့် ၆၉.၂ ကီလိုမီတာကြားလမ်းပိုင်းအား မြို့နယ်လမ်းဦးစီးဌာနမှ ပြန်လည်ပြုပြင်ပေးခဲ့ရာ လုပ်ငန်းများရာနှုန်းပြည့် ပြီးစီပြီဖြစ်ကြောင်း သိရသည်။