မန္တလေးတိုင်းဒေသကြီး

အောင်မြေသာစံမြို့နယ်၌ ကျန်းမာရေးအသိပညာမြှင့်တင်ရေးလုပ်ငန်းများဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး မန္တလေးခရိုင်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယဦးစီးမှူး(ကျန်းမာပညာ) ဒေါ်ပွင့်ဦးအိမ်နှင့် အောင်မြေသာစံဒေသန္တရကျန်းမာရေးဌာန(ခွဲ)မှ အခြေခံကျန်းမာရေးဝန်ထမ်းငါးဦးတို့ပူးပေါင်း၍ ဇွန် ၁၁ရက် နံနက်ပိုင်းက မင်းတဲအီကင်းရပ်ကွက် နှင်းဆီအိမ်ယာ၌ ကျန်းမာရေးအသိပညာပေးဟောပြောပွဲပြုလုပ်ခြင်း၊ ကျန်းမာရေးပြုစုစောင့်ရှောက်မှုများပေးခြင်း၊ ကာကွယ်ဆေးထိုးနှံပေးခြင်းနှင့်ဆေးစိမ်ခြင်ထောင်များဖြန့်ဝေခြင်းတို့ ဆောင်ရွက်ကြသည်။

ညောင်ဦးမြို့၌ လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် (UID) ကတ် ကွင်းဆင်းဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ညောင်ဦးမြို့နယ်ဦးစီးမှူးရုံးမှ နိုင်ငံတော်အစိုးရ၏ လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်နှင့် Biometric data ကောက်ယူ၍ UID ကတ်များ ဆောင်ရွက်ပေးခြင်းကို ဇွန် ၁၁ ရက်၊နံနက် ၉ နာရီခွဲက အခြေခံပညာအထက်တန်းကျောင်း(ညောင်ဦး)တွင် ကွင်းဆင်းပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

မြင်းခြံမြို့၌ ရက် (၁၀၀) လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် UID Card များ နေ့ချင်းပြီး ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံမြို့၌ နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှု ရက် (၁၀၀) လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများနှင့် UID Card များကို ယနေ့ နံနက်ပိုင်းက အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်းတွင် ပြုလုပ်ပေးလျက်ရှိကြောင်း သိရသည်။

ချမ်းအေးသာစံမြို့နယ်ဥပဒေရုံး၌ ဥပဒေအရာရှိကျင့်ဝတ်ဆိုင်ရာ တွေ့ဆုံမေးမြန်းခြင်း၊ ဆွေးနွေးခြင်းများ ဆောင်ရွက်

မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ် မြို့နယ်ဥပဒေအရာရှိ ဦးလှိုင်ထက်ကျော်၏ ကြီးကြပ်ဆောင်ရွက်မှုဖြင့် ဥပဒေအရာရှိကျင့်ဝတ်ဆိုင်ရာ တွေ့ဆုံမေးမြန်းခြင်းနှင့် ဆွေးနွေးခြင်းများကို မြို့နယ်ဥပဒေရုံး (ရှေ့ပြေးဥပဒေရုံး) ၌ ယနေ့ဇွန် ၁၁ ရက်နေ့နံနက်ပိုင်းက ဆောင် ရွက်ခဲ့သည်။

မန္တလေးခရိုင်၊ လူထုအခြေပြုဗဟိုဌာန၌ ရေးသူ၊ ဖတ်သူ စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မန္တလေးခရိုင်၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ယနေ့နံနက် ၁၀ နာရီခွဲက မန္တလေးခရိုင်အတွင်းရှိ မြို့‌နယ်စာရေးဆရာအသင်းအဖွဲ့များနှင့် စာပေချစ်မြတ်နိုးသူ Book Club အဖွဲ့ဝင်များနှင့်ပူးပေါင်း၍ ရေးသူ၊ ဖတ်သူ စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်။

အမှတ်(၂၁) အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းသား/ကျောင်းသူများအား မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်း၊ ဦးခေါင်းနှင့် လည်ပင်း ခွဲစိတ်အထူးကုဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများ ကွင်းဆင်းဆေးကုသပေး

မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်း၊ ဦးခေါင်းနှင့် လည်ပင်း ခွဲစိတ် အထူးကုဆေးရုံကြီး၊ မန္တလေးမြို့မှ အထူးကုအဖွဲ့သည့် ရက်(၁၀၀)စီမံချက်အရ မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ ပြည်ကြီးကျက်သရေ(အရှေ့)ရပ်ကွက်ရှိ အမှတ် (၂၁) အခြေခံပညာ မူလတန်းကျောင်းမှ ကျောင်းသား/ကျောင်းသူများအား ဇွန်လ ၁၀ ရက်နေ့က ကျန်းမာရေးဆေးစစ်ဆေးမှုများ ဆောင်ရွက်ပေးကြသည်။

ပြည်ကြီးတံခွန်မြို့နယ်၌ ကျန်းမာရေးအဆင့်မြှင့်တင်ကျောင်း မြို့နယ်အဆင့်ဆရာဖြစ် သင်တန်းဖွင့်လှစ်

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ အမှတ်(၂၇) အခြေခံပညာအထက်တန်းကျောင်း၊ အောင်တံခွန်ခန်းမ၌ ယမန်နေ့ နံနက် ၉ နာရီက ကျန်းမာရေးအဆင့်မြှင့်တင်ကျောင်း မြို့နယ်ဆရာဖြစ်သင်တန်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရန်ပုံငွေဖြင့် ဖွင့်လှစ်သည်။

မြစ်သားမြို့နယ်တွင် တိုင်းရင်းဆေးကုဌာန ကွင်းဆင်းဆေးကုသရေးအဖွဲ့မှ ကျန်းမာရေးစောင့်ရှောက်မှုပေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် တိုင်းရင်းဆေးကုဌာန ကွင်းဆင်းဆေးကုသရေးအဖွဲ့မှ တိုင်းရင်းဆေးမှူး ဒေါ်စိုပြေဝင်း ဦးဆောင်၍ ဘူတာရပ်ကွက်ရှိ အခြေခံပညာမူလတန်းကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများအား ကျန်းမာရေးစောင့် ရှောက်ပေးမှုကို ဇွန် ၁၀ ရက် နံနက် ၉ နာရီက နယ်လှည့်ကွင်းဆင်းကုသပေးခဲ့ကြောင်း သိရသည်။

မတ္တရာမြို့နယ်၌ ကျန်းမာရေးအဆင့်မြှင့်ကျောင်း (မြို့နယ်အဆင့်) ဆင့်ပွားသင်တန်းဖွင့်

မန္တလေးတိုင်းဒေသကြီး၊ မတ္တရာမြို့နယ်တွင် ကျန်းမာရေးအဆင့်မြှင့်ကျောင်း(မြို့နယ်အဆင့်) ဆင့်ပွားသင်တန်းကို ဇွန်လ ၁၁ ရက် နံနက် ၉ နာရီက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ရမည်းသင်းမြို့နယ်၊ ကျောင်းတိုက်စု (အ.မ.က) ကျောင်း၌ အသိပညာပေး ဟောပြောပွဲ၊ ပုံပြင်ပြောပြခြင်း၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြသပွဲကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ ရမည်းသင်းမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေးဟောပြောပွဲ၊ ပုံပြင်ပြောပြခြင်း၊  နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြသပွဲကို ယနေ့နံနက် ၉ နာရီက အဆိုပါကျောင်း၌ ကျင်းပသည်။
Subscribe to မန္တလေးတိုင်းဒေသကြီး