မန္တလေးခရိုင်၊ လူထုအခြေပြုဗဟိုဌာန၌ ရေးသူ၊ ဖတ်သူ စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်

မန္တလေး ဇွန် ၁၁

မန္တလေးတိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မန္တလေးခရိုင်၊ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ယနေ့နံနက် ၁၀ နာရီခွဲက မန္တလေးခရိုင်အတွင်းရှိ မြို့‌နယ်စာရေးဆရာအသင်းအဖွဲ့များနှင့် စာပေချစ်မြတ်နိုးသူ Book Club အဖွဲ့ဝင်များနှင့်ပူးပေါင်း၍ ရေးသူ၊ ဖတ်သူ စာဖတ်ဝိုင်းဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်။

ယင်း စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် မန္တလေးခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်မြင့်မြင့်သန်းက အဖွင့်အမှာစကားပြောကြားခဲ့သည်။ ဆက်လက်ပြီး ပြည်ကြီးတံခွန်မြို့နယ်စာရေးဆရာအသင်း ဘဏ္ဍာရေးမှူး ဆရာမ သင်းသင်း (မန္တလာ)က  ရေးသားထုတ်ဝေခဲ့သည့် စာအုပ်များအား မိတ်ဆက်ပြောကြားခဲ့သည်။

ယင်းနောက် စာဖတ်ဝိုင်းဆွေးနွေးပွဲ ဦးဆောင်ကျင်းပသူ စာရေးဆရာမ စု(စံ၉စံ)မှ စာဖတ်ဝိုင်း ဆွေးနွေးပွဲ ကျင်းပရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့ပြီး ကျေးဇူးတင် စကားပြောကြားခဲ့သည်။ ဆက်လက်ပြီး စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် တက်ရောက်လာသည့် မြို့နယ်စာရေး ဆရာအသင်းအဖွဲ့များ၊ စာပေချစ်မြတ်နိုးသူ Book Club အဖွဲ့ဝင်များမှ စာရေးဆရာမစု(စံ၉စံ)က ရေးသားထုတ်ဝေခဲ့သည့် “မန္တလေးရဲ့ ချစ်မြတ်နိုးသူများ ဆုံစည်းရာ”ရသဝတ္ထုတို စုစည်းမှု အမှတ်(၁)၊ (၂)၊(၃)၊ (၄)စာအုပ်အကြောင်းအရာများနှင့်ပတ်သက်၍ သိရှိ လိုသည်များအား အသီးသီးမေးမြန်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ဇင်မင်းမောင် (ခရိုင်၊ ပြန်/ဆက်)