ရမည်းသင်း ဇွန် ၁၁
မန္တလေးတိုင်းဒေသကြီး၊ ရမည်းသင်းခရိုင်၊ ရမည်းသင်းမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများအား အသိပညာပေးဟောပြောပွဲ၊ ပုံပြင်ပြောပြခြင်း၊ နံရံကပ်စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြသပွဲကို ယနေ့နံနက် ၉ နာရီက အဆိုပါကျောင်း၌ ကျင်းပသည်။
ထိုသို့အသိပညာပေးဟောပြောခြင်း၊ ပုံပြင်ဖတ်ပြခြင်းပြုလုပ်ရာတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ရုပ်သံကျွမ်းကျင်-၃ ဒေါ်အေးအေးမွန်က ကျောင်းသား၊ ကျောင်းသူများ အသိညာဏ်ပညာဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်ကာ ဝက်ဝံလေးရဲ့ စွမ်းရည်ခေါင်းစဥ်ဖြင့် ပုံပြင်ပြောပြခဲ့ပြီး ပုံပြင်ထဲတွင်ပါသော အကြောင်းအရာများကို ရှင်းလင်းပြောပြခဲ့ရာ မိမိတို့အနေဖြင့်လည်း ယခုကဲ့သို့ပင် တစ်ဦးနှင့်တစ်ဦး ချစ်ခင်ရင်းနှီးရမှုရှိစေရန်အတွက် လိုက်လျောညီထွေစွာနေထိုင်သွားကြပါရန်နှင့် တစ်ဦးနှင့်တစ်ဦး ကူညီရိုင်းပင်းစွာ ဆက်ဆံတက်စေရန်၊ ယဥ် ကျေးပျူငှာစွာပြောဆိုတက်စေရန်အတွက် အသိပညာပေးဟောပြောခဲ့သည်။
ဆက်လက်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ပလပ်စတစ်ညစ်ညမ်းမှုကင်းစင်းရေး အသိပညာပေးလက်ကမ်းစာစောင်များကို ဖြန့်ဝေပေးခဲ့ပြီး သုတ/ရသဖြစ်စေမည့် စာအုပ်စာစောင်များ၊ စာဖတ်ခြင်း၏ အကျိုးကျေးဇူးဖြင့် ရရှိစေမည့် အသိ ပညာပေး နံရံကပ်စာစောင်များကို ခင်းကျင်းပြသခဲ့ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာကြည့်ရှုလေ့လာဖတ်ရှုခဲ့ကြကြောင်း သိရသည်။
ဟိန်းပြည့်ဇော်(ခရိုင်ပြန်/ဆက်)