ချမ်းအေးသာစံမြို့နယ်ဥပဒေရုံး၌ ဥပဒေအရာရှိကျင့်ဝတ်ဆိုင်ရာ တွေ့ဆုံမေးမြန်းခြင်း၊ ဆွေးနွေးခြင်းများ ဆောင်ရွက်

ချမ်းအေးသာစံ ဇွန် ၁၁

မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ် မြို့နယ်ဥပဒေအရာရှိ ဦးလှိုင်ထက်ကျော်၏ ကြီးကြပ်ဆောင်ရွက်မှုဖြင့် ဥပဒေအရာရှိကျင့်ဝတ်ဆိုင်ရာ တွေ့ဆုံမေးမြန်းခြင်းနှင့် ဆွေးနွေးခြင်းများကို မြို့နယ်ဥပဒေရုံး (ရှေ့ပြေးဥပဒေရုံး) ၌ ယနေ့ဇွန် ၁၁ ရက်နေ့နံနက်ပိုင်းက ဆောင် ရွက်ခဲ့သည်။

“ဥပဒေရေးရာဝန်ကြီးဌာနအနေဖြင့် ပြည်ထောင်စုရှေ့နေချုပ်ဥပဒေ၊ နည်းဥပဒေများပါလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် လုပ်ငန်းများအောင်မြင်​စေရေးအတွက် ပြည်သူများ၏ ယုံကြည်အားထားမှုကို ရရှိစေရန်ဥပဒေအရာရှိ ကျင့်ဝတ်လိုက်နာစေရေး အစီအစဥ်အား အရေးကြီးသည့် လုပ်ငန်းတစ်ရပ်အဖြစ် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ဥပဒေရေးရာဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဥပဒေအရာရှိကျင့်ဝတ်ဆိုင်ရာတွေ့ဆုံမေးမြန်းခြင်း၊ ဆွေးနွေးခြင်းများဆောင်ရွက်ခဲ့ကြောင်း” မြို့နယ်ဥပဒေအရာရှိ ဦးလှိုင်ထက်ကျော်ထံမှ သိရသည်။

ချမ်းမြေ့မောင်(ချမ်းစံ/ပြန်ဆက်)