ညောင်ဦးမြို့၌ လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် (UID) ကတ် ကွင်းဆင်းဆောင်ရွက်

ညောင်ဦး ဇွန် ၁၁

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့၌ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ညောင်ဦးမြို့နယ်ဦးစီးမှူးရုံးမှ နိုင်ငံတော်အစိုးရ၏ လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်နှင့် Biometric data ကောက်ယူ၍ UID ကတ်များ ဆောင်ရွက်ပေးခြင်းကို ဇွန် ၁၁ ရက်၊နံနက် ၉ နာရီခွဲက အခြေခံပညာအထက်တန်းကျောင်း(ညောင်ဦး)တွင် ကွင်းဆင်းပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးစောဝဏ္ဏနှင့် တာဝန်ရှိသူများက အသက် ၁၀ နှစ်အထက် ကျောင်းသား ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြုလုပ်ပေးခြင်း၊ လဲလှယ်ပေးခြင်းနှင့် Biometric data များ စိစစ်ကောက်ယူပြီး မျက်လုံး Scan ဖတ်ခြင်း၊ လက်ဗွေနှိပ်ခြင်းနှင့် လိုအပ်သည့် ကိုယ်ရေးအချက်အလက်များထည့်သွင်း၍ UID နံပါတ်ကတ်များ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

လမင်းစီမံချက်ဖြင့် အသက် ၁၀ နှစ်အထက် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၉၇ ဦးတို့အား နိုင်ငံသားစိစစ်ရေးကတ်နှင့် Biometric data ကောက်ယူ၍ UID ကတ်များအား ညောင်ဦးခရိုင် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မင်းညိုနှင့်ခရိုင် ကော်မတီဝင်များ၊ ညောင်ဦးမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းလှိုင်တင့်တို့က ကျောင်းသား၊ ကျောင်းသူများလက်ဝယ်အရောက် ပေးအပ်ခဲ့ပြီး ကျန်ရှိသော အခြေခံပညာကျောင်းများသို့ ဆက်လက်ကွင်းဆင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဒီပါလင်း