မန္တလေး ဇွန် ၁၁
မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်း၊ ဦးခေါင်းနှင့် လည်ပင်း ခွဲစိတ် အထူးကုဆေးရုံကြီး၊ မန္တလေးမြို့မှ အထူးကုအဖွဲ့သည့် ရက်(၁၀၀)စီမံချက်အရ မန္တလေး၊ အောင်မြေသာစံမြို့နယ်၊ ပြည်ကြီးကျက်သရေ(အရှေ့)ရပ်ကွက်ရှိ အမှတ် (၂၁) အခြေခံပညာ မူလတန်းကျောင်းမှ ကျောင်းသား/ကျောင်းသူများအား ဇွန်လ ၁၀ ရက်နေ့က ကျန်းမာရေးဆေးစစ်ဆေးမှုများ ဆောင်ရွက်ပေးကြသည်။
အဆိုပါ ကွင်းဆင်းဆေးကုသပေးကြရာတွင် မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်း၊ ဦးခေါင်းနှင့် လည်ပင်း ခွဲစိတ်အထူးကုဆေးရုံကြီး၊ မန္တလေးမှ ဆေးရုံအုပ်ကြီး ဒေါက်တာရီလင်း၊ ပါမောက္ခ၊ ဌာနမှူးများဖြစ်ကြသော ဒေါက်တာ အေးမိုးတက်နှင့် ဒေါက်တာ ယဉ်ယဉ်ထွေး၊ ပါမောက္ခ ဒေါက်တာ သန်းထွန်းအောင်၊ အထူးကုဆရာဝန်ကြီး ဒေါက်တာ သန်းထိုက်နှင့်ဆရာဝန်များ၊ သူနာပြုအုပ်၊ ဒုတိယသူနာပြုအုပ်နှင့် သူနာပြုများက ကျောင်းသား၊ ကျောင်းသူ(၂၃၂)ဦးအား မျက်စိ၊ နား၊ နှာ ခေါင်း၊ လည်ပင်း၊လည်ချောင်း၊ ဦးခေါင်းတို့နှင့် ပတ်သက်၍ ဖြစ်ပွားတတ်သော ရောဂါများကို အသိပညာပေး ဟောပြောခြင်း၊ စစ်ဆေးကုသပေးခြင်းတို့ကို ဆောင်ရွက်ကြရာ မြို့နယ်ပညာရေးမှူး ဒေါ်သီတာဌေး၊ ကျောင်းအုပ် ဆရာကြီးဦးမင်းသူနှင့်ဆရာ၊ ဆရာမများက လိုအပ်သည်များ ကူညီဆောင်ရွက်ပေးကြကြောင်းသိရသည်။
မြင့်မော်ထွန်း(ပြန်/ဆက်)