ကျောက်ဆည် ဩဂုတ် ၁၄
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ခုနှစ်တွင် ဒေသခံတောင်သူများ ကုန်ထုတ်ရာ၌ အဆင်ပြေစေရေး၊ မြောင်းဘောင်ရေရှည်တည်တံ့ခိုင်မြဲရေးနှင့် သီးနှံမျိုးစုံ(၆၈၈၂)ဧက ရေပြည့်ဝစွာပေးဝေနိုင်ရေး တောင်တော် ကျေးရွာအနီးမှ ကွန်ကရစ်တံတားအထက်အောက်၌ ပျက်စီးနေသည့်မြောင်းဘောင်များအား ကျောက်သားဆလံစီးခြင်းလုပ်ငန်းများဖြင့် ပြန်လည်ပြုပြင်သွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါမြောင်းဘောင်သည် မြောင်းရေတိုက်စားမှုကြောင့် ကျောက်သားဆလံများပျက်စီးလျက်ရှိပြီး မြောင်းဘောင်ကျိုးပေါက်၍ စိုက်ပျိုးရေများပေးဝေရာ၌ လေလွင့်ဆုံးရှုံးနိုင်ပြီး ရေဝင်စိုက်ခင်းများပျက်စီးနိုင်ခြင်း၊ ကုန်ထုတ်မြောင်းဘောင်လမ်းပျက်စီးများမှ ကာကွယ်နိုင်ပြီး သီးနှံမျိုးစုံ(၆၈၈၂)ဧက ရေပြည့်ဝစွာ ရာသီမရွေး စိုက်ပျိုးရေများပေးဝေနိုင်ရေး မြို့နယ်ဆည်မြောင်းနှင့်ရေအသုံးချမှု စီမံခန့်ခွဲရေးဦးစီးဌာနမှ မန္တလေးတိုင်းဒေသကြီး ခွင့်ပြုရန်ပုံငွေ (၇၀.၀၀၀)ကျပ်သန်း အကုန်အကျခံသုံးစွဲ၍ မြောင်းကြမ်းပြင်အကျယ်(၃၀)ပေ၊ အမြင့်(၈)ပေ၊ အရှည်(၁၄၈)ပေ၊ ထု(၂)ပေ ကျောက်သားဆလံ အသစ် ပြန်လည်ပြုပြင်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ပျက်စီးနေသည့်မြောင်းနေရာအား ကျောက်သားစီခြင်းများ ပြုပြုင်ပြီးစီးပါက နောင်ခမ်းမြောင်း မှ သီးနှံမျိုးစုံ(၆၈၈၂)ဧကအား ရေပြည့်ဝစွာပေးဝေနိုင်မည့်အပြင် မြောင်းဘောင် ပိုမိုကြံ့ခိုင်မှုရှိပြီး စိုက်ပျိုးရေးလုပ်ငန်းများလုပ်ကိုင်ရာနှင့် ဒေသထွက်ကုန်သီးနှံများ သယ်ယူရာတွင် ရာသီမရွေး သယ်ယူနိုင်မည်ဖြစ်ကြောင်း သိရသည်။
သက်မောင်(ကျောက်ဆည်)