ပြင်ဦးလွင် သြဂုတ် ၁၄
မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်ခရိုင် ပြင်ဦးလွင်မြို့နယ်ကျေးလက်လမ်းဖွံ့ဖြိုး ရေးဦးစီး ဌာနက ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ ပိုမိုအဆင်ပြေစေရန်အတွက် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆင်လမ်း-ဆင်ဖြူအင်း-အုတ်ဖိုကျေးရွာ ချင်းဆက်လမ်း အဆင့်မြှင့်တင်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုကို ဩဂုတ် ၁၃ ရက်က ခရိုင်ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး(မြို့ပြ)ဦးလှိုင်မင်းနှင့် တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုသည်။
အဆိုပါလမ်းကို အဆင့်မြင့်တင်ခြင်းဖြင့် အကျိုးပြုကျေးရွာ(၃) ရွာ၊ အိမ်ခြေ ၁၄၇၄အိမ်၊ လူဦးရေ ၈၂၁၁ဦး၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးဆိုင်ရာကိစ္စရပ်များနှင့် ထုတ်ကုန်များ အပြန်အလှန်ရောင်းဝယ်ဖောက်ကားမှုတို့ကို များစွာအကျိုးပြုမည် ဖြစ်သည်။
ခရိုင် ( ပြန်/ဆက် )