မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ယာဉ်ထိန်းတပ်ဖွဲ့များနှင့် ဆိုင်ကယ်လှည့်ကင်းရဲတပ်ဖွဲ့များအတွက် ဆိုင်ကယ်စီးဦးထုပ်များလှူဒါန်း

ချမ်းအေးသာစံ ဩဂုတ် ၁၅

မန္တလေးတိုင်းဒေသကြီးအတွင်းရှိ ယာဉ်ထိန်းတပ်ဖွဲ့များနှင့် ဆိုင်ကယ်လှည့်ကင်းရဲတပ်ဖွဲ့များအတွက် ရိမ်းဘိုးဆိုင်ကယ်အပိုပစ္စည်း ရောင်းဝယ်ရေး မိသားစုမှဆိုင်ကယ်စီးဦးထုပ်များကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးသို့ ဩဂုတ်လ(၁၄)ရက်နေ့ မွန်းလွဲ၌ပိုင်းက လာရောက်လှူဒါန်းရာ မန္တလေးတိုင်းဒေသကြီး အစိုးရ အဖွဲ့ဝန်ကြီးချုပ်ဦးမျိုးအောင်နှင့် တာဝန်ရှိသူများကလက်ခံ၍ ကျေးဇူးတင်စကားပြောကြားပြီး ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ခဲ့သည်။

အဆိုပါ လှူဒါန်းမှုတွင် ရိမ်းဘိုးဆိုင်ကယ်အပိုပစ္စည်းရောင်းဝယ်ရေး မိသားစုက ငွေကျပ် ၄၅၀ သိန်းတန်ဖိုးရှိ ဆိုင်ကယ်စီးဦးထုပ် အလုံးရေ (၃၀၀)လုံးကို လှူဒါန်းခြင်းဖြစ်ပြီး မန္တလေးတိုင်းဒေသကြီးအတွင်း တာဝန်ထမ်းဆောင်နေသည့် ယာဉ်ထိန်းရဲတပ်ဖွဲ့များနှင့် ဆိုင်ကယ်လှည့်ကင်း ဆောင်ရွက်နေသည့် ရဲတပ်ဖွဲ့များထံသို့ စနစ်တကျပေးအပ်သွားမည်ဖြစ်ကြောင်း သိရသည်။

ထွန်းထွန်းနိုင်