ရမည်းသင်းမြို့နယ် အထက(၁)တွင် ပလပ်စတစ်ညစ်ညမ်းမှုကင်းစင်ရေး အသိပညာပေး

ရမည်းသင်း သြဂုတ် ၁၄

မန္တလေးတိုင်းဒေသကြီး  ရမည်းသင်းခရိုင်   ရမည်းသင်းမြို့နယ် အထက(၁)တွင် ပလပ်စတစ်ညစ်ညမ်းမှုကင်းစင်ရေး  အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက်ပိုင်းက အခြေခံပညာ အထက်တန်းကျောင်း(အထက-၁)တွင် ကျင်းပသည်။

ဟောပြောပွဲတွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်သိမ့်သိမ့်မျိုးက  နိုင်ငံတိုင်းတွင်ယဉ်ကျေးမှုကိုယ်စီရှိကြကြောင်း၊ ယဉ်ကျေးမှုပပျောက်ပါကနိုင်ငံနှင့်လူမျိုးပါပျောက်ကွယ်နိုင်သည့်အတွက် ကိုယ့်ယဉ်‌ကျေးမှုကိုမြတ်နိုးတန်ဖိုးထား ထိန်းသိမ်း စောင့်ရှောက်ကြဖို့လိုပါကြောင်း‌ လူငယ်နှင့်ယဉ်ကျေးမှု ခေါင်းစဉ်ဖြင့် ဟောပြောခဲ့ပြီး  ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှူး ဒေါ်အေးစန္ဒာက ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ သိကောင်းစရာများနှင့် ပလပ်စတစ်ညစ်ညမ်းမှုဆိုးကျိုးများ၊ လျော့ချရမည့်နည်းလမ်းများ နှင့် ပလပ်စတစ်လျော့ချရေးအစီအစဉ်များတွင် လူတိုင်းပါဝင်‌ဆောင်ရွက်ရေး အကြောင်းအရာများကို  ဆွေးနွေးဟောပြောသည်။

ထို့နောက် ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ သုတ၊ ရသစာအုပ်များနှင့် အသိပညာပေးနံရံကပ်စာစောင်များပြသခဲ့ရာ ကျောင်းသား၊ကျောင်းသူများက စိတ်ပါဝင်စားစွာ ကြည့်ရှုခဲ့ကြသည်။

ခရိုင်ပြန်/ဆက်