မြစ်သားမြို့နယ်တွင် ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေး နည်းပညာပေးသင်တန်း ဖွင့်လှစ်သင်ကြား

မြစ်သား   ဩဂုတ် ၁၅

မန္တလေးတိုင်းဒေသကြီး၊ မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ နွားထိုးကြီးမြို့နယ်(ယာယီရုံးခွဲ)ဖြစ်သော မြစ်သားမြို့နယ် မြို့မ KC စင်တာတွင် ၂၀၂၅-၂၀၂၆ခုနှစ်၊ အဓိကသီးနှံ (၁၀)မျိုးပန်းတိုင်အထွက်နှုန်းရရှိ‌ရေး ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးနည်းပညာပေးသင်တန်းကို ယမန်နေ့နက်ပိုင်းက အဆိုပါ နွားထိုးကြီးမြို့နယ် (ယာယီရုံးခွဲ)၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ နွားထိုးကြီးမြို့နယ် မြို့နယ်ဦးစီးမှူး ဒေါ်ခင်ထားနွယ်ကသင်တန်းအဖွင့်အမှာစကာပြော ကြားပြီးအဓိကသီးနှံ(၁၀)မျိုး ပန်းတိုင်အထွက်နှုန်းရရှိ‌ရေး ဝန်ထမ်းစွမ်းဆောင်ရည်မြှင့်တင်ရေးနည်း ပညာပေးသင်တန်းကို နွားထိုးကြီးမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနဝန်ထမ်းများအား အချင်းချင်းနည်း ပညာပို့ချမူအား မြို့နယ်ဦးစီးမှူးမှ လေ့ကျင့်သင်ကြားပို့ချပေးခဲ့ပြီး စာမေးပွဲဖြေဆိုစစ်ဆေးခဲ့ရာ သင်တန်းသား၊ သင်တန်းသူများမှ မှတ်တမ်း‌ရေးသားမှုအ‌‌ကောင်းဆုံးဆုကို ဒေါ်ဝတ်မှုံသိန်းအား ချီးမြှင့်ခဲ့ကြောင်းသိရသည်။ ဆက်က်၍ တာဝန်ရှိသူများက ဆုများချီးမြှင့်ပေးခဲ့ရာ ပထမဆု‌ ဒေါ်လင်းလင်းဌေးမှလည်းကောင်း၊  ဒုတိယဆု ဒေါ်ဆုစန္ဒီသိမ့်မှ လည်းကောင်း၊ တတိယဆု ဒေါ်အိအိမိုးမှလည်းကောင်း အသီးသီးရရှိခဲ့ကြောင်း သိရသည်။

ဝါဝါမြင့် (မြစ်သား)