ချမ်းအေးသာစံ ဩဂုတ် ၁၅
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်သည် ဩဂုတ်လ(၁၄)ရက်နေ့မွန်းလွဲပိုင်းက ဂျပန်နိုင်ငံအခြေစိုက် AEON Co.,Ltd မှ ငလျင်ဘေးသင့် ဒေသများသို့ ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများကို ပံ့ပိုးကူညီဆောင်ရွက်ရန်နှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်(UMFCCI)မှ ဒုတိယဥက္ကဋ္ဌ ဦးဆန်းလင်းနှင့်အဖွဲ့အား မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး ဧည့်ခန်းမဆောင်၌ လက်ခံတွေ့ဆုံခဲ့သည်။
ထိုသို့တွေ့ဆုံစဉ် မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်(UMFCCI)မှ ဒုတိယဥက္ကဋ္ဌဦးဆန်းလင်းက ဂျပန်နိုင်ငံအခြေစိုက် AEON Co.,Ltd မှ ငလျင်ဘေးသင့်ဒေသများသို့ ပြန်လည်တည် ဆောက်ရေးလုပ်ငန်းများကို ပံ့ပိုးကူညီဆောင်ရွက်ရန် လှူဒါန်းထားသည့် ငွေများမှ မန္တလေးငလျင်ကြီးကြောင့် ထိခိုက်ပြိုကျပျက်စီးခဲ့သည့်သာသနိက အဆောက်အအုံများ၊ ဘာသာရေးအဆောက်အအုံများအနက် ပြန်လည်ပြုပြင်မွမ်းမံ တည်ဆောက်လှူဒါန်းရန် တိုင်းဒေသကြီးအတွင်း လျာထားရွေးချယ်ထားမှုအခြေအနေများအား ရှင်းလင်းတင်ပြခဲ့ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် တာဝန်ရှိသူများက ဖြည့်စွက်ဆွေးနွေးပြော ကြားပြီးရှင်းလင်းတင်ပြရွေးချယ်ထားမှုများအပေါ် တိုင်းဒေသကြီးဝန်ကြီးချုပ်က တိုင်းဒေသကြီးရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန (မန္တလေးဌာနခွဲ)၊ တိုင်းဒေသကြီးသာသနာရေးဦးစီးဌာနတို့မှ တိုင်းဦးစီးမှူးများနှင့် ပေါင်းစပ်ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း၊ တွေ့ဆုံပွဲသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း (MRCCI)မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။
ထွန်းထွန်းနိုင်