ညောင်ဦး ဇွန် ၁၃
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးမြို့နယ်၊ ပုဂံရှေးဟောင်းယဉ်ကျေးမှု နယ်မြေ၊ ရွှေစည်းခုံဘုရားအရှေ့တောင်ထောင့် နတ်နန်းအတွင်းရှိ အေဒီ ၁၁ ရာစုတွင် ထုလုပ်ခဲ့သည့် ဘိုးသိ ကြားရုပ်တုအား ရွှေအသစ်ပြန်လည်ဆက်ကပ်နိုင်ရန် မူလဆက်ကပ်ထားသည့်ရွှေများ ရွှေမိုက် ထုတ်ယူခြင်းလုပ်ငန်းအား ဇွန် ၁၃ ရက်၊နံနက် ၁၀ နာရီအချိန်က ရွှေမိုက်ထုတ်ခြင်းစတင်နေပြီဖြစ်ကြောင်း သိရသည်။
အဆိုပါ ဘိုးသိကြားရုပ်တုကို ရွှေမိုက်ထုတ်၍ ရွှေအသစ်ပြန်လည်ဆက်ကပ်နိုင်ရန်အတွက် ညောင်ဦးခရိုင် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်မင်းညိုနှင့် ကော်မတီဝင်များ၊ ယွန်းပညာကောလိ(ပုဂံ)၊ ကျောင်းအုပ်ကြီး ဒေါ်နီလာမြင့်၊ ညောင်ဦးမြို့ နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဝင်းလှိုင်တင့်နှင့်တာဝန်ရှိသူများက ဘိုးသိကြားရုပ်တု ရှေးမူလက်ရာများမပျက်စီးစေရေး၊ ရွှေဟောင်းများ ရွှေမိုက်စနစ်တကျ ရွှေမိုက်ထုတ်နိုင်ရေးတို့အား ကြည့်ရှုစစ်ဆေးသည်။ ဆက်လက်၍ ဘုရားအမှတ် ၁၅၁၄-ဂ ဂူဘုရားအတွင်း ထိုင်တော်မူဗုဒ္ဓရုပ်ပွားတော် ပြုပြင်နေမှု၊ ဘုရားပတ်ဝန်းကျင်သန့်ရှင်းသာယာစေရေး ဆောင်ရွက်နေမှု၊ဘုရားအမှတ် ၁၅၁၂ ထိန်းသိမ်းထားမှုတို့မှုတို့အား ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။
ဒီပါလင်း