ကျောက်ဆည် ဇွန် ၁၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းမှ စာရေးဆရာမင်းစော (တောင်သမန်)ရေးသားသည့် “အောင်မြင်သောလူသား(၂)” စာအုပ် စာဖတ်ဝိုင်းဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီက ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
စာဖတ်ဝိုင်းဆွေးနွေးပွဲတွင် ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်တင်တင်ထွေးက စာပေချစ်မြတ်နိုးသူများ၊ စာဖတ်ဝါသနာပါသူများ အသိပညာဗဟုတသုတများ ဖလှယ်နိုင်စေရန်၊ မိတ်ဆွေအပေါင်းအသင်းတိုးပွားပြီး စာပေလေ့လာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်စာဖတ်ဝိုင်းဆွေးဆွေးပွဲများကျင်းပရခြင်း ရည်ရွယ်ချက်များကိုရှင်းလင်းပြောကြားပြီး ကျောက်ဆည်မြို့နယ် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းဥက္ကဋ္ဌ စာရေးဆရာမောင်ခိုင်ကျော်(ကျောက်ဆည်)က စာရေးဆရာ အောင်မိုးထက်ရေးသားသည့် အောင်မြင်မှု ဆီသွားတဲ့အခါစာအုပ်ပါ အကြောင်းအရာများဖြစ်သည့် အောင်မြင်မှုဆီသွားတဲ့အခါ၊ အောင်မြင်ဖို့အတွက်..သတိ၊ အောင်မြင်မှုအတွက်ဗီဇနှင့်ပတ်ဝန်းကျင်၊ တစ်ဦးနဲ့တစ်ဦးသံသယကင်းရှင်းပါစေ၊ အောင်မြင်မှုအတွက်ကျန်းမာရေးစသည့်အကြောင်းအရာများကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
စုစုအေး(ကျောက်ဆည်)