ရန်ကုန်တိုင်းဒေသကြီး

၂၀၂၆ ခုနှစ်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား (၁၄)ခရိုင်အသက်(၂၅)နှစ်အောက် အမျိုးသား/ အမျိုးသမီး ဘော်လီဘောပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကျင်းပ

၂၀၂၆ ခုနှစ်၊ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဖလား (၁၄)ခရိုင် အသက်(၂၅)နှစ်အောက်အမျိုးသား/အမျိုးသမီး ဘော်လီဘောပြိုင်ပွဲနှင့် ဆုချီးမြှင့်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေ ပိုင်းက ရန်ကုန်မြို့၊ အောင်ဆန်းအားကစားပြိုင်ပွဲရုံတွင် ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ အကြီးအကဲများ၊ ခရိုင် စီမံခန့်ခွဲရေး နှင့် အုပ်ချုပ်ရေးကော်မတီ ဥက္ကဌများနှင့် အဖွဲ့ဝင်များ၊ တိုင်းဒေသကြီး အားကစားနှင့် ကာယပညာ ကော်မတီဝင်များ၊ ပြိုင်ပွဲဝင်အသင်းများမှ အုပ်ချုပ်သူ/ နည်းပြများ၊ အားကစားသမားများနှင့် တာဝန် ရှိသူများ တက်ရောက်ခဲ့ကြသည်။

ပြည်သူ့စစ်မှုထမ်းသင်တန်း အမှတ်စဉ်(၂၂)သင်တန်းဆင်းပွဲကျင်းပ

ပြည်သူ့စစ်မှုထမ်း သင်တန်းအမှတ်စဉ်(၂၂) သင်တန်းဆင်းပွဲ အခမ်းအနားကို ယမန်နေ့နံက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ ဂျိုးဖြူဒေသရှိနယ်မြေခံသင်တန်းကျောင်းတွင်ပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးအောင်နိုင်သူ၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်၊ ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် ထွန်းထွန်းဦး၊ တိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးဗိုလ်ဌေး၊ နယ်မြေခံ သင်တန်း ကျောင်း၊ ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် မျိုးမင်းသန်း၊ တပ်မတော်အရာရှိကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် အုပ်ချုပ်သူနည်းပြများ တက်ရောက်ကြသည်။

ကျောက်တန်းမြို့နယ်၌ မီးဘေးလုံခြုံရေးစစ်ဆေးထောက်ခံချက် ( Fire Safety Certificate ) သက်တမ်းတိုးဆောင်ရွက်ပေး

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၌ မီးဘေးလုံခြုံရေးစစ်ဆေးထောက်ခံချက် ( Fire Safety Certificate ) သက်တမ်းတိုးဆောင်ရွက်ပေးခြင်းကို ယမန်နေ့ က ကျောက်တန်းမြို့နယ် ၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်အောက်ရှိ၊သီလဝါဆိပ်ကမ်းဒေသ မြေကွက်အမှတ် (၃) ရှိ  Myan Oil စက်သုံးဆီးသိုလှောင်ဖြန့်ဖြူးရေး၌ ဆောင်ရွက်ပေးခဲ့သည်။

ကွမ်းခြံကုန်းမြို့နယ်၌ ရက်(၁၀၀)စီမံချက်ဖြင့် အပူဒဏ်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် ကျန်းမာရေးပြုစုစောင့်ရှောက်မှုများ ကွင်းဆင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး လူငယ်ရေးရာဦးစီးဌာနသည် လူငယ်များဦးဆောင်မှုအရည်အသွေးနှင့် လူမှုအဖွဲ့အစည်းအတွင်း ပူးပေါင်းပါဝင်ဆောင်ရွက်ပြီး လူမှုရေးနှင့် ကျန်းမာရေးကဏ္ဍများတွင် ပိုမိုဖြည့်ဆည်းမြှင့်တင်ဆောင်ရွက်ပေးနိုင်ရန် ရည်ရွယ်၍ အစိုးရသစ်၏ ရက်(၁၀၀)စီမံချက်ဖြင့် အပူဒဏ်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲနှင့် ကျန်းမာရေးပြုစုစောင့်ရှောက်မှုများ ကွင်းဆင်း‌ဆောင်ရွက်ခြင်းကို ဧပြီ (၂၈)ရက်နေ့က တွံ‌တေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်၊ လက်ခုပ်ကုန်းကျေးရွာ ကိုးဆူဘုရားဝန်းတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ဒလမြို့နယ်၌ အစိုးရသစ်၏ ရက် (၁၀၀) စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်များ ကွင်းဆင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်၌ နိုင်ငံတော်အစိုးရသစ်၏ ရက် (၁၀၀) စီမံချက်ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ နိုင်ငံသားစိစစ်ရေးကတ်ပြား ပြုလုပ်‌ပေးခြင်းနှင့် Biometric ကောက်ယူကာ UID ကတ်ထုတ်ပေးခြင်းလုပ်ငန်းများကို ယမန်‌နေ့က ပျော်ဘွယ်ကြီးကျေးရွာတွင် မြေပြင်ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

လသာမြို့နယ် အမှတ်(၂)ရပ်ကွက်တွင် ကူးစက်ရောဂါကာကွယ်နှိမ်နင်းရေးလုပ်ငန်းများ ရပ်ကွက်လုံးကျွတ် ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လသာမြို့နယ် အမှတ်(၂)ရပ်ကွက်၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဧပြီ (၂၈)ရက်နေ့က ရပ်ကွက်လုံးကျွတ် ကျန်းမာရေးကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြသည်။

တွံတေး၌ ၂၀၂၆-၂၀၂၇ ခုဘဏ္ဍာရေးနှစ် ရက် (၁၀၀) လုပ်ငန်းစီမံချက်ဖြင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံချက်ရေးဆွဲခြင်းနှင့် AVIP သင်တန်းဖွင့်လှစ်

၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ရက် (၁၀၀) လုပ်ငန်းစီမံချက်ဖြင့် ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ် ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစီမံချက်ရေးဆွဲခြင်းနှင့် AVIP သင်တန်းကို ဧပြီ ၂၇ ရက်နေ့ နံနက် ၉ နာရီမိနစ် ၃၀ အချိန်က တွံတေးမြို့နယ်၊ ရန်ကုန်ပါဒကျေးရွာအုပ်စု၊ ရန်ကင်းကျေးရွာရှိ မြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးရှိ အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

လသာမြို့နယ်တွင် သူနာပြုသင်တန်းသား၊ သင်တန်းသူများအား ပြည်သူ့ကျန်းမာရေးလုပ်ငန်းများ လေ့လာသင်ကြားပေး

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လသာမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ရန်ကုန်သူနာပြုတက္ကသိုလ်မှ သူနာပြုသိပ္ပံ(ပုံမှန်) ၁/၂၀၂၆ သင်တန်းသား/သူများအား ယမန်နေ့နံနက်ပိုင်းအချိန်က ပြည်သူ့ကျန်းမာရေးလုပ်ငန်းများ လေ့လာသင်ကြား ပြသပေးခဲ့ကြောင်း သိရသည်။

ဆံတော်ရှင်ဆူးလေစေတီတော်မြတ်ကြီး၏ (၄၄)ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ကျောက်တံတားမြို့နယ်ရှိ ဆံတော်ရှင်ဆူးလေစေတီတော်မြတ်ကြီး၏ (၄၄)ကြိမ်မြောက် ကဆုန်ညောင်ရေသွန်းလောင်းပူဇော်ပွဲအား ကဆုန်လပြည့်နေ့ ယနေ့နံနက် ၅ နာရီအချိန်က ဆံတော်ရှင်ဆူးလေစေတီတော်ရင်ပြင်ရှိ ကျက်သရေဆောင်ခန်းမ၌ ကျင်းပသည်။

စမ်းချောင်းမြို့နယ်အတွင်းရှိ‌ဈေးများ၊ ဈေးပိတ်ချိန် မီးဘေးလုံခြုံရေးစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ်အတွင်းရှိ ဈေးများ၊ ဈေးပိတ်ချိန် မီးဘေးလုံခြုံရေးကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့က ဆောင်ရွက်ခဲ့သည်။
Subscribe to ရန်ကုန်တိုင်းဒေသကြီး