ကျောက်တန်း ဧပြီ ၃၀
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်၌ မီးဘေးလုံခြုံရေးစစ်ဆေးထောက်ခံချက် ( Fire Safety Certificate ) သက်တမ်းတိုးဆောင်ရွက်ပေးခြင်းကို ယမန်နေ့ က ကျောက်တန်းမြို့နယ် ၊ မြန်မာ့ဆိပ်ကမ်းအာဏာပိုင်အောက်ရှိ၊သီလဝါဆိပ်ကမ်းဒေသ မြေကွက်အမှတ် (၃) ရှိ Myan Oil စက်သုံးဆီးသိုလှောင်ဖြန့်ဖြူးရေး၌ ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါ မီးဘေးလုံခြုံရေးစစ်ဆေးထောက်ခံချက် (Fire Safety Certificate )သက်တမ်းတိုးဆောင်ရွက်ပေးခြင်းကို မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ဌာနချုပ်၊ ဦးစီးဌာန မှ ညွှန်ကြားရေးမှူး ဦးသိန်းထွန်းဦး ဦးဆောင်သောအဖွဲ့မှ မီးသတ်တပ်ဖွဲ့ဌာနချုပ်၏ သတ်မှတ်ညွှန်ကြားချက်၊ လုပ်ထုံလုပ်နည်းနှင့် ကိုက်ညီမှုရှိ/ မရှိအား စစ်ဆေးဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။
နေလင်းကျော် (ပြန်/ဆက်)