စမ်းချောင်းမြို့နယ်အတွင်းရှိ‌ဈေးများ၊ ဈေးပိတ်ချိန် မီးဘေးလုံခြုံရေးစစ်ဆေး

စမ်းချောင်း ဧပြီ ၃၀

ရန်ကုန်တိုင်းဒေသကြီး၊ အလုံခရိုင်၊ စမ်းချောင်းမြို့နယ်အတွင်းရှိ ဈေးများ၊ ဈေးပိတ်ချိန် မီးဘေးလုံခြုံရေးကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့က ဆောင်ရွက်ခဲ့သည်။

ထိုသိုဆောင်ရွက်ရာတွင် စမ်းချောင်းမြို့နယ်အတွင်းရှိ ကျွန်တောစျေး၊ ရှမ်းလမ်းစျေး(ဂွစျေး)၊ မြေနီကုန်းပလာဇာ (စျေး)များအား မီးဘေးကြိုတင်ကာကွယ်ရေးအတွက် မြို့နယ်မီးသတ်ဦးစီးဌာနမှ လက်ထောက်မီးသတ်ဦးစီးမှူး ဦးရဲသူရအောင် ဦးဆောင်၍ သန္ဓေတပ်ဖွဲ့ဝင် (၄)ဦး၊ ဈေးတာဝန်ခံနှင့် စျေးလုံခြုံရေးများ၊ စျေးကော်မတီတို့နှင့်အတူ ဈေးပိတ်ချိန် မီးသုံးစွဲမှုနှင့် လျှပ်စစ်မိန်းခလုတ်များ ပိတ်ထားခြင်းရှိ/မရှိ စစ်ဆေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ဖြူသွယ်ထွန်း